
နောက်ဆုံးပေါ် ရွှေကွန်ချာဒုံးခွင်းစနစ်အတွက် ငွေကြေးထောက်ပံ့မလားဆိုတဲ့ မေးခွန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကွန်ဂရက်လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
ထရမ့်ပ်ဟာ ဇန်နဝါရီ ၂၀ ရက်က သမ္မတအဖြစ် ဒုတိယအကြိမ် တာဝန်ယူခဲ့ပြီးနောက် ကွန်ဂရက်မှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ချိန်မှာ မေးခဲ့တာပါ။
“စစ်သေနာပတိတယောက်အနေနဲ့ အနာဂတ်မှာ အစွမ်းထက်ဆုံး စစ်တပ်ကို တည်ဆောက်ဖို့ ကျနော် ပစ်မှတ်ထားနေပါတယ်။ ပထမအဆင့်အနေနဲ့ အမိမြေကို ကာကွယ်ဖို့ နောက်ဆုံးပေါ် ရွှေကွန်ချာဒုံးခွင်းစနစ်အတွက် ငွေကြေးပံ့ပိုးမှာလားဆိုတာ မေးချင်ပါတယ်” လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ၆ ပတ်ကြာ သမ္မတ ဒုတိယသက်တမ်းမှာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီ လုံးဝပြောင်းလဲမှု၊ ဝန်ထမ်းတွေထုတ်ပယ်မှုနဲ့ မဟာမိတ်တွေနဲ့ ကုန်သွယ်မှုစစ် မီးစမွှေးမှုတွေကြောင့် သူ့ရဲ့ ပထမဆုံးလွှတ်တော်မိန့်ခွန်းမှာ အတိုက်အခံပါတီရဲ့ ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ထရမ့်ပ်ရဲ့ ကွန်ဂရက် မိန့်ခွန်းပြောနေချိန်အတွင်း အော်ဟစ် ဆန္ဒပြစာတမ်း ကိုင်ဆောင်ခြင်းနဲ့ မိန့်ခွန်းပြောနေချိန် ထွက်သွားခြင်းတွေ ဒီမိုကရက်တစ်အမတ်တချို့က ပြုလုပ်ခဲ့ကြပါတယ်။
Source : Reuters