DVB Logo
Home
မြန်မာသတင်း
ရေစကြို၌ စစ်သား ၁ ဦးဖမ်းမိပြီး ပြည်သူ့စစ် ၂ ဦး အလင်းဝင်၊  တီးတိန်မြို့က တပ်ကြပ်ကြီး ၁ ဦး အလင်းဝင်
DVB
·
March 5, 2025
ရေစကြို၌ စစ်သား ၁ ဦးဖမ်းမိပြီး ပြည်သူ့စစ် ၂ ဦး အလင်းဝင်၊  တီးတိန်မြို့က တပ်ကြပ်ကြီး ၁ ဦး အလင်းဝင်
1 / 2
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ယောက်ဟာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ရေစကြို ပကဖ ဆီကနေ သိရပါတယ်။

ရေစကြို ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “အရှင်ဖမ်းမိတဲ့သူက ရေစကြိုနဲ့ မြောင်နယ်စပ်က ရွာတွေကို စစ်ကြောင်းထိုးနေတဲ့အထဲက တကောင်ကို ရေစကြိုနယ်ထဲက အမှတ် ၃ သောင်ခုံပေါ်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တာပါ” လို့ ပြောပါတယ်။

အရှင်ဖမ်းဆီးရမိသူဟာ ရေစကြိုအခြေစိုက် ခလရ ၂၅၆ တပ်ရင်းက တပ်သားကျော်ထွေး ဖြစ်ပြီး ရေစကြို ပကဖ ရဲဘော်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ဖမ်းဆီးရမိခဲ့ကာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် မတ် ၄ ရက် ညဦးပိုင်းမှ သတင်းထုတ်ပြန်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားကျော်ထွေးနဲ့အတူ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ၅.၅၆ ကျည် ၃၀၀ နီးပါးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရေစကြို ပကဖ တာဝန်ခံ ကိုဝေကြီးက “အရှင်ဖမ်းမိထားတဲ့ တပ်သား ကျော်ထွေးက တပ်သားသစ် စုဆောင်းခံခဲ့ရတဲ့သူ တယောက်ပါ။ စစ်ဆေးမှုတွေပြီးရင်တော့ အထက်အဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း အရေးယူ ဆောင်ရွက်မှုတွေ ဆက်လုပ်သွားမှာပါ။ အခုတော့ သူ့ကို သုံ့ပန်းဥပဒေနဲ့အညီပဲ ထိန်းသိမ်းထားပါတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သား ကျော်ထွေးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မတရား ပေါ်တာဆွဲဖမ်းဆီးခံရကာ တပ်သားသစ်အဖြစ် စုဆောင်းခံရသူတယောက် ဖြစ်​ပါတယ်။

မတ် ၁ ရက်ကလည်း ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေကြရသူတွေဖြစ်ကြတဲ့ ခလရ ၂၅၆ တပ်ရင်းက တပ်သားကျော်ဇေယျာဝင်း (ပစ/၁၃၄၈၀၈)၊ တပ်သားဖိုးကုလား (ပစ/၁၂၉၉၂၈) တို့ ၂ ယောက်ဟာ ခဲယမ်းတွေနဲ့အတူ ရေစကြို ပကဖ ဆီကို အလင်းဝင်ရောက်လာခဲ့လို့ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြသူတွေအနေနဲ့လည်း ရေစကြို ပကဖ ကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ဆီကို စိတ်ချစွာ ခိုလှုံအလင်းဝင်ရောက်ကြဖို့ တိုက်တွန်းထား ပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့မှာလည်း  စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးအဆင့်ရှိ သူတယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ PDF Zoland ဆီကနေ သိရပါတယ်။

PDF Zoland ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “တီးတိန်မြို့အခြေစိုက်တဲ့ ခလရ ၂၆၉ တပ်ရင်းမှာ တာဝန်ကျနေတဲ့ တပ်ကြပ်ကြီးက အခွင့်ရတဲ့အချိန် ခဲယမ်းတွေသယ်လာပြီးတော့ အလင်းဝင်လာတာပါ။ သေနတ်တော့မပါခဲ့ဘူး။ ကျည်တွေ၊ လက်ပစ်ဗုံး ၈ လုံး၊ ၄၀ မမ ဗုံးသီးအလုံး ၃၀ နဲ့ သူ့တပ်ရင်းကထွက်ပြေးပြီး အလင်းဝင်လာခဲ့တာဖြစ်တယ်။ သူကိုတော့ ထိုက်သင့်တဲ့ ဆုကြေးငွေ ပေးအပ်ပြီးတော့ လုံခြုံတဲ့နေရာကိုလည်း ပို့ပေးထားပြီးဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူ တပ်ကြပ်ကြီး မင်းမင်း (တ ၃၆၆၅၀၇) ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ PDF Zoland ဆီကို အလင်းဝင်ရောက်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

PDF Zoland အတွင်းရေးမှူး ဦးရောဘတ်က “ကျနော်တို့ PDF Zoland အနေနဲ့ ချင်းပြည်မြောက်ပိုင်းမှာ နောက်ဆုံးလှိုင်းဖြစ်တဲ့ တီးတိန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်ထား​တာတွေလည်း ရှိပါတယ်။ အရင်ကလည်း ထုတ်ပြန်ပြောဆိုပြီးပြီပေါ့နော်။ အဲဒီတော့ စစ်ကောင်စီတပ်အောက်က စစ်သားတွေအနေနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေး မစတင်ခင်အချိန်မှာ မိမိအသက်ကို မိမိနှမြောကြရင်တော့ အချိန်မရွေး အလင်းဝင်လာကြဖို့ ဖိတ်ခေါ်ထားတယ်။ သူတို့ ကိုယ့်အသက်ကို မနှမျောကြရင်တော့ အလင်းမဝင်ကြနဲ့ပေါ့” လို့ ပြောပါတယ်။

ချင်းပြည်မြောက်ပိုင်း နောက်ဆုံးလှိုင်းမှာ ပါဝင်ထောက်ပို့တာတွေအပြင် မြေပြင်မှာလည်း PDF Zoland အဖွဲ့နဲ့အတူ နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့အတွက်ကိုလည်း သင်တန်းသူ၊ သင်တန်းသား အသစ်တွေကို လက်ခံနေပြီဖြစ်လို့ လူငယ်တွေအနေနဲ့ စစ်ကောင်စီတပ်ကို တွန်းလှန်ဖို့ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်တယ်လို့လည်း PDF Zoland ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013