DVB Logo
Home
မြန်မာသတင်း
နဝဒေးရုပ်ရှင်ရုံ၌ အတွဲများ အိပ်ပြီးကြည့်နိုင်သည့် အခန်းကို ကျပ် ၅၀၀၀၀ ဖြင့် ရောင်းချ  
DVB
·
March 4, 2025
နဝဒေးရုပ်ရှင်ရုံ၌ အတွဲများ အိပ်ပြီးကြည့်နိုင်သည့် အခန်းကို ကျပ် ၅၀၀၀၀ ဖြင့် ရောင်းချ  
Donate to DVB

မကြာသေးခင်ကမှ ပြန်လည်ဖွင့်လှစ်လိုက်တဲ့ နဝဒေးရုပ်ရှင်ရုံမှာ အတွဲတွေ သီးသန့် အိပ်ပြီး ရုပ်ရှင်ကြည့်နိုင်တဲ့ အခန်းတခန်းကို ကျပ် ၅၀၀၀၀ နဲ့ ရောင်းချနေတယ်လို့ လက်မှတ်ရောင်း ဝန်ထမ်းတွေထံက သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလကတည်းက ပိတ်ထားခဲ့ရတဲ့ ရန်ကုန်မြို့ မရမ်းကုန်းရှိ၊ နဝဒေးရုပ်ရှင်ရုံကို ဖေဖော်ဝါရီလက ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ပုံမှန်ကြည့်ရှုနိုင်တဲ့ လက်မှတ်‌‌တွေအပြင်၊ လူအနည်းစုပဲ ကြည့်နိုင်တဲ့အခန်း၊ အတွဲတွေ ခုတင်နဲ့ အိပ်ကြည့်နိုင်တဲ့အခန်းတွေကို ထည့်သွင်း ဖွင့်လှစ်လာခဲ့တာ ဖြစ်ပါတယ်။  

ချစ်သူစုံတွဲတွေ ခုတင်နဲ့အိပ်ပြီး ရုပ်ရှင်ကြည့်နိုင်တဲ့ Super Couple လက်မှတ် တစောင်ကို ကျပ် ၅၀၀၀၀ နဲ့  ရောင်းချနေတယ်လို့ လက်မှတ်ရောင်းဝန်ထမ်းတဦးက ပြောပါတယ်။ 

“Super Couple ကိုတော့အရင်က ၆၀၀၀၀ ပါ။ အခု ၅၀၀၀၀ ဖြစ်သွားပါပြီ။ Gold Class က ၁၀၀၀၀ စီလျော့သွားပါတယ်။ အဲဒီလက်မှတ်အတွက် အအေးနဲ့ မုန့် ပြန်ပေးပါတယ်။ စောင်၊ ခေါင်းအုံးတွေလည်း ထားပေးထားပါတယ်။ Super Couple ကတော့ ကလေး ပါမယ်ဆိုရင် ၃ ယောက်လောက်အထိပဲ ကြည့်လို့ရပါတယ်။”

နဝဒေးရုပ်ရှင်ရုံရဲ့ ရိုးရိုးတန်းလက်မှတ်တွေဟာလည်း ကျပ် ၄၀၀၀ ကနေ ကျပ် ၉၀၀၀ အထိသတ်မှတ်ထားပြီး  ရိုးရိုးအတွဲခုံတခုံကို ကျပ် ၂၀၀၀၀ လောက်အထိ သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ လက်မှတ်ရောင်းသူတွေဟာ အဲဒီရိုးရိုးတန်းလက်မှတ်တွေကို ပွဲချိန်ကပ်ချိန် လက်မှတ်ဝယ်သူတွေကို မရောင်းချဘဲ ကြည့်ချင်ပါက Gold Class လက်မှတ်တွေပဲ ရောင်းချနေတာကြောင့် ဝေဖန်မှုတွေလည်းလည်း ရှိနေပါတယ်။

နဝဒေးရုံမှ ရုပ်ရှင်သွားကြည့်ခဲ့သူတယောက်က “ပွဲအချိန် အမီသွားတာကိုပဲ လက်မှတ်မရောင်းတာ။ လူအဝင်နည်းတော့ ၄၀၀၀ တန် ၅ စောင်လောက်ကို တယောက်တည်းနဲ့ ရအောင်လုပ်ချင်နေကြတာ။ ကိုယ်ကြည့်ချင်တဲ့၊ ကိုယ် တတ်နိုင်တဲ့အခြေအနေက ကြည့်လို့ မရဘူး။ အဲဒီရုပ်ရှင်ရုံက ရုံးဖွင့်ရက်တွေဆိုရင် ရိုးရိုးတန်းကကြည့်မယ့်သူတောင် ၁၀ ယောက် မပြည့်ဘူး”လို့ ပြောပါတယ်။

နဝဒေးရုပ်ရှင်ရုံဟာ စစ်တပ်အာဏာမသိမ်းမီ ကိုဗစ်-၁၉ ကာလ ၂၀၂၀ ပြည့်နှစ်ကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက အမိန့်ပေးခဲ့ပေမဲ့ အာဏာသိမ်းအပြီး ၄ နှစ်ကြာတဲ့အထိ မဖွင့်လှစ်ခဲ့ဘဲ အခုနှစ် ဖေဖော်ဝါရီလမှ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ရုပ်ရှင်ရုံ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013