DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် စစ်တပ်တိုက်ခိုက်မှုကြောင့် ကလေး ၄ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး
DVB
·
March 4, 2025
ကရင်နီတွင် စစ်တပ်တိုက်ခိုက်မှုကြောင့် ကလေး ၄ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး
Donate to DVB

ကရင်နီပြည်နယ်မှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၄ ယောက် အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က မတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲတို့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြရတာပါ။

သေဆုံးသူတွေထဲ အသက် ၁၀ နှစ်အရွယ် ကလေး ၂ ယောက်၊ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ယောက်နဲ့ သက်ကြီးပိုင်း ပြည်သူတယောက်တို့ သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်း ဖားဆောင်း၊ ဘော်လခဲ၊ လွိုင်ကော်တို့မှာ တိုက်ပွဲ‌တွေ ကြိုးကြားဖြစ်ပွားခဲ့ပြီး မိုးဗြဲကို ပြန်လည်ထိန်းချုပ်နိုင်ဖို့လည်း စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်နေတာပါ။

ဖေဖော်ဝါရီလမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၅ ယောက် ကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013