DVB Logo
Home
နိုင်ငံတကာ
ခရစ်ပတိုငွေကြေး ၅ မျိုးကို အရန်ငွေအဖြစ် သမ္မတ ထရမ့်ပ် သတ်မှတ်
DVB
·
March 3, 2025
ခရစ်ပတိုငွေကြေး ၅ မျိုးကို အရန်ငွေအဖြစ် သမ္မတ ထရမ့်ပ် သတ်မှတ်
Donate to DVB

ခရစ်ပတိုငွေကြေး ၅ မျိုးကို မဟာဗျူဟာမြောက် အရန်ငွေအဖြစ် သတ်မှတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့အပြီးမှာ တန်ဖိုးတွေ ပြန်တက်သွားခဲ့ပါတယ်။

ရွေးကောက်ပွဲရာသီမှာ တောက်လျှောက်ထိုးတက်ခဲ့တဲ့ ခရစ်ပတိုဈေးဟာ အခုနောက်ပိုင်း သိသိသာသာ ပြန်ကျလာခဲ့ပြီးနောက် ထရမ့်ပ်က ဒီကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ကို “ကမ္ဘာ့ခရစ်ပတိုမြို့တော်” ဖြစ်အောင် ဖန်တီးမယ်လို့ ကြွေးကြော်ထားတဲ့ ထရမ့်ပ်ရဲ့ အခု ကြေညာချက်ကြောင့် Bitcoin၊ Ethereum၊ XRP၊ Solana နဲ့ Cardano ငွေကြေးတွေ ဈေး ချက်ချင်းပြန်ခုန်တက်သွားတာ ဖြစ်ပါတယ်။

အရင်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တုန်းက မသမာမှုနဲ့ ငွေကြေးခဝါချမှုအရေး ပူပန်တာကြောင့် ခရစ်ပတိုကို အားမပေးခဲ့ပါဘူး။

အခု အရန်ငွေအဖြစ်ထားမယ့် အစီအစဉ် ဘယ်လိုလည်ပတ်မှာလဲ ဆိုတာ အတိအကျတော့ မသိရသေးပါဘူး။ လာမယ့် သောကြာနေ့ကျရင် ထရမ့်ပ်က အိမ်ဖြူတော်မှာ ပထမဆုံး ခရစ်ပတို ထိပ်သီးဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

နိုင်ငံတော် မဟာဗျူဟာ အရန်ငွေသစ် ဖန်တီးမှုအတွက် ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက် လို၊ မလို ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ထရမ့်ပ်ဟာ အရင်က ခရစ်ပတိုငွေကြေးကို ဝေဖန်သူဖြစ်ခဲ့ပြီး ၂၀၂၁ တုန်းက Bitcoin ဆိုတာ အလိမ်အညာပဲလို့ ပြောခဲ့ဖူးပါတယ်။

မကြာသေးမီကတော့ ထရမ့်ပ်ရော၊ သမ္မတကတော် မယ်လာနီယာ နာမည်နဲ့ပါ သူတို့နာမည်နဲ့ မီးမ်ကွိုင် (meme coin) လို့ခေါ်တဲ့ ခရစ်ပတိုငွေကြေးမျိုး ထုတ်ခဲ့တဲ့အတွက် အိမ်ဖြူတော် မူဝါဒတွေကနေ အမြတ်ထုတ်တယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013