DVB Logo
Home
မြန်မာသတင်း
ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီကြောင့် ကရင်နီနှင့် ကယန်းဒေသက ပြည်သူ ၉ ဦးသေဆုံး
DVB
·
March 2, 2025
ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီကြောင့် ကရင်နီနှင့် ကယန်းဒေသက ပြည်သူ ၉ ဦးသေဆုံး
Donate to DVB

ကရင်နီပြည်နယ်နဲ့ ကယန်းဒေသထဲမှာ စစ်ကောင်စီ လက်ချက်ကြောင့်  ဖေဖော်ဝါရီတလအတွင်း ပြည်သူ ၉ ယောက်သေဆုံးကာ နေအိမ် ၇၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းအရ သိရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလက စစ်ကောင်စီ လက်ချက်ကြောင့် ပြည်သူ ၈ ယောက်သေဆုံး၊ နေအိမ် ၃၁ လုံး ပျက်စီးရပြီး ဖေဖော်ဝါရီလမှာတော့ ပြည်သူ ၉ ယောက် သေဆုံး၊ နေအိမ် ၇၂ လုံးအထိ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

PKPF အဖွဲ့တာဝန်ခံက “ပြည်သူ သေဆုံးတာနဲ့ အိမ်ပျက်စီးတာက မိုးဗြဲ၊ ဖယ်ခုံအရှေ့ဘက်ကမ်း၊ ကုန်းသာ၊ လွိုင်ကော်တို့ဘက်ပေါ့နော်။ နှစ်မြို့နယ်လို့ သိရတာပေါ့နော်။ ဖယ်ခုံမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်ပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေ အသုံးပြုပြီး ပြည်သူ့နေအိမ်တွေကို ပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးပြီး နေအိမ်တွေ ပျက်စီးခဲ့ရပါတယ်။

ဖေဖော်ဝါရီလ တတိယအပတ်ထဲမှာ စစ်ကောင်စီရဲ့ မီးရှို့မှုတွေ၊ မီးလောင်ဗုံးပစ်ခတ်မှုတွေကြောင့် မိုးဗြဲက နေအိမ်အလုံး ၃၀ ထက်မနည်း ပျက်စီးခဲ့ရတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။

အာဏာသိမ်းစ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကနေ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ကရင်နီပြည်နယ်နဲ့ ကယန်းဒေသထဲမှာ စစ်ကောင်စီက အရပ်သားပြည်သူ အယောက် ၅၀၀ ကို သတ်ဖြတ်ခဲ့ပြီး စစ်ရှောင်ရင်း သေဆုံးသူ ၁၇၇ ယောက်ရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေက ရဲဘော် ၇၀၃ ယောက် ကျဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ဒီကာလအတွင်း တိုက်ပွဲပေါင်း ၁၂၉၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ ၁၈၂၈ ကြိမ်တိုက်ခိုက်ခဲ့သလို ဘာသာရေးအဆောက်အအုံနဲ့လူနေအိမ် ၃၀၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ်ထဲကနေအိမ်မှာ ပြန်မနေထိုင်သူတွေရဲ့ အိမ်တွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီးတာတွေလည်းရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013