DVB Logo
Home
မြန်မာသတင်း
ငပုတောတွင် စစ်မှုထမ်းအတွက် မသန်စွမ်းများ အပါအဝင် အရပ်သား ၄၀ ဖမ်းဆီးခံရ
DVB
·
February 28, 2025
ငပုတောတွင် စစ်မှုထမ်းအတွက် မသန်စွမ်းများ အပါအဝင် အရပ်သား ၄၀ ဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးက မသန်စွမ်းတွေ အပါအဝင် လူအယောက် ၄၀ အထိ စစ်မှုထမ်းဖို့အတွက် အဓမ္မ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ငပုတောမြို့နယ်၊ သင်္ကန်းကုန်းကျေးရွာအုပ်စုရဲ့ စစ်ကောင်ခန့် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်နဲ့ စစ်ကောင်စီတပ်က စစ်မှုထမ်းအတွက်ဆိုပြီး အရပ်သား အယောက် ၄၀ ခန့်ကို ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ လက်နက်အပြည့်နဲ့ အိမ်ပေါ်တွေအထိ တက်ပြီး ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “အုပ်ကြီး ခင်ဇော်နဲ့ တပ်က ဖမ်းခေါ်နေတာ။ အားလုံး အဖမ်းခံရတာ အယောက် ၄၀ လောက်ရှိပြီ။ ၂၄ ရက်နေ့ကတည်းက ရက်ဆက် ဖမ်းခေါ်နေတာ။ စစ်မှုထမ်းအတွက်ဆိုပြီး စာမဆင့် မဲမနှိုက်တော့ဘဲ စစ်ကားတွေနဲ့ လာဖမ်းခေါ်နေတာ” လို့ ပြောပါတယ်။

အဲဒီ စစ်မှုထမ်းဖို့အတွက်ဆိုပြီး ဖမ်းဆီးခေါ်ခံရတဲ့ အရပ်သား အယောက် ၄၀ ထဲမှာ အသက် ၁၈ နှစ် မပြည့်သေးသူ ၁၈ ယောက်အထိ ပါသလို မသန်စွမ်းလူငယ် ၂ ယောက်လည်း ပါတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “ဘယ်အိမ်မှာ လူငယ်ဘယ်လောက်ရှိတယ်ဆိုတာ အုပ်ကြီးက သိတယ်လေ။ အိမ်ထဲဝင် တန်းခေါ်တာ၊ အကျိုးအကြောင်းတောင် မေးခွင့် ပြောခွင့် မရဘူး။ အတင်းခေါ် အတင်းထွက် တပ်ကိုလာခဲ့ပြောတာ” လို့ ပြောပါတယ်။

ငပုတောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက လူငယ်တွေကို အဓမ္မဖမ်းခေါ်နေတာကြောင့် ဖမ်းဆီးအခေါ်ခံရတဲ့ လူငယ်တချို့ရဲ့ မိခင်တွေမှာ ရုတ်တရက် သတိလစ်ကာ ဆေးရုံတင်ရတဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013