DVB Logo
Home
မြန်မာသတင်း
ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်နိုင်သည့် လက္ခဏာ ကုလသတိပေး
DVB
·
October 30, 2014
ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်နိုင်သည့် လက္ခဏာ ကုလသတိပေး
Donate to DVB

မြန်မာနိုင်ငံက အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးမှာ အလားအလာရှိတဲ့ နောက်ကြောင်း ပြန်နိုင်တဲ့ လက္ခဏာတွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟေးလီက အထွေထွေ ညီလာခံမှာ သတိပေးလိုက်ပါတယ်။

[caption id="attachment_69270" align="alignright" width="300"] မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟေးလီ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟေးလီ[/caption]

အရင် ၃ နှစ်ကျော် လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးတွေမှာ တိုးတက်မှုရှိခဲ့ပေမယ့် ရေရှည်တည်တံ့ပြီး စစ်မှန်တဲ့ ရလဒ်တွေ၊ လူထုရဲ့ ထောက်ခံမှုကို ရချင်တယ်ဆိုရင်တော့ လုပ်ဆောင်စရာတွေ လိုနေသေးတယ်လို့ ယန်ဟေးလီက ပြောပါတယ်။

“များပြားတဲ့ ပဋိပက္ခတွေ ဆက်ဖြစ်ပွားနေတဲ့အတွက် ဒေသခံ အသိုင်းအ၀န်းတွေက တော်တော်ကို ခံစားနေရပါတယ်။ လက်ရှိ နိုင်ငံအတွင်း ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူ ၆ သိန်း ၁ သောင်းကျော် လောက်ရှိနေပါတယ်။ ၂ ဖက်စလုံးက လူ့အခွင့်အရေးတွေကို အပြင်းအထန်ချိုးဖောက်နေပါတယ်။ စစ်တပ်ဘက်ကို အပြစ်မပေးတာ ဆက်ဖြစ်နေတဲ့ ဖမ်းဆီးချုပ်နှောင် နှိပ်စက်တာတွေနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကို ကျမ အရမ်း စိုးရိမ်ပါတယ်” လို့ ယန်ဟေးလီက ပြောပါတယ်။

ရေရှည်တည့်တံတဲ့ ငြိမ်းချမ်းရေးကို မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်သလို အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ရှိရှိ လုပ်ဆောင်ပေးဖို့ အစိုးရကတာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်အခြေအနေတွေက တော်တော်ကို စိတ်အနှောင့်အယှက် ဖြစ်စေသလို စစ်တွေက ဗုဒ္ဓဘာသာနဲ့ ရိုဟင်ဂျာ ဒုက္ခစခန်းတွေမှာလည်း အရေးပေါ် လုပ်ဆောင်ဖို့ လိုနေတာကို တွေ့ခဲ့ရ တယ်လို့ ယန်ဟေးလီက ပြောပါတယ်။

လွတ်လပ်စွာ သွားလာခွင့်ကို တားမြစ်ထားတာဟာ ကျန်မာရေး ၀န်ဆောင်မှု၊ ရေ၊ အစားအစာနဲ့ မိလ္လာစနစ်တွေ ရရှိဖို့ဆိုတဲ့  အခြေခံအခွင့်အရေးတွေအပေါ် သက်ရောက်မှုရှိနေတယ်လို့  သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေ အကျဉ်းသား ၂ ဦး လွှတ်ပေးလိုက်တဲ့အပေါ် အထူးကိုယ်စားလှယ်က ကြိုဆို လိုက်ပြီး ကျန်ရှိနေတဲ့သူတွေ အားလုံးကို ခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“မီဒီယာ ပြုပြင်ပြောင်းလဲမှုတွေမှာ တိုးတက်မှုတွေရှိနေပေမယ့် အရပ်ဘက်အဖွဲ့အစည်းတွေ မီဒီယာရဲ့ လှုပ်ရှားမှုတွေကို ဟန့်တားဖို့နဲ့ ပြစ်မှုအဖြစ် သတ်မှတ်ဖို့ ဥပဒေ တွေကို အသုံးပြုနေဆဲဖြစ်ပါတယ်။ ဒါတွေကိုလည်း အမြန်ဆုံးပြင်ဆင်ရပါမယ်” လို့ ယန်ဟေးလီက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားအရေအတွက်ကို ပိုမိုတိုးပွားစေတဲ့ လွတ်လပ်စွာစီတန်း လှည့်လည် စုဝေးခွင့် ဥပဒေနဲ့ တခြားဥပဒေတွေ အပေါ် စိုးရိမ်ပူပန်မိတယ်လို့ သူက ပြောပါတယ်။

မြန်မာပြည်က ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေက ထိခိုက်လွယ်တဲ့လူတွေရဲ့ ဘ၀နဲ့ အသက်မွေးဝမ်းကြောင်းကို ခြိမ်းခြောက်နေသလို မြေယာသိမ်းဆည်းတာ အတင်းအကျပ် ရွှေ့ပြောင်းစေတာတွေ ဖြစ်ပွားစေတယ်လို့ ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဆီကို တဖြည်းဖြည်း ဦးတည်လာတာနဲအမျှ လွတ်လပ်စွာ မဲပေးခွင့်၊ ထုတ်ဖော် ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ အသင်းဖွဲ့စည်းခွင့်တွေကို အသေအချာ အကာအကွယ်ပေးဖို့လည်း ယန်ဟေးလီက တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် လူထုအခြေပြု အဖွဲ့အစည်းတွေအပါအ၀င် အားလုံး စိတ်ချယုံကြည်ရတဲ့ ထိရောက်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် မြန်မာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တည်ဆောက်သွားဖို့လည်း အားပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013