DVB Logo
Home
မြန်မာသတင်း
လှိုင်းဘွဲမြို့နယ်၌တိုက်ပွဲဖြစ်၊ လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ရွာသား ၁၀၀ ကျော် ထိုင်းဘက် ထွက်ပြေး
DVB
·
February 27, 2025
လှိုင်းဘွဲမြို့နယ်၌တိုက်ပွဲဖြစ်၊ လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ရွာသား ၁၀၀ ကျော် ထိုင်းဘက် ထွက်ပြေး
1 / 9
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့မနက်က  စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ရွာသားတွေ ၁၀၀ လောက် ထိုင်းဘက်ကို စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရပါတယ်။

လှိုင်းဘွဲမြို့နယ်ရှိ  စစ်ကောင်စီတပ် အမှတ် ၃၁ ခြေမြန်တပ်ရင်းက အခြေစိုက်ထားတဲ့ ပွိုင့် ၁၂၄၈ တောင်ကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် ဘက်ကလည်း ပွိုင့် ၁၂၄၈ တောင်ကုန်းနားက KNLA တပ်ဖွဲ့ဝင်တွေကို  YAK -130 လေယာဉ်နဲ့  ဗုံး ၃ လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်အခြေစိုက် DVB သတင်းထောက်က  “ ဒီနေ့ မနက် ၅ နာရီကနေပြီးတော့ စစ်ကောင်စီရဲ့ တပ်စခန်းကို KNU တပ်မဟာ ၇ ၊  တပ်ရင်း ၂၂ ကနေ ဦးဆောင်ပြီး တက်သိမ်းတယ်။ မနက် ၇ နာရီလောက်မှာတော့ စခန်းကုန်းတခုကို ရတယ်။ မြန်မာစစ်ကောင်စီတပ်က ၈ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးလာကြဲတယ်။  အခု တိုက်ပွဲဖြစ်တဲ့ နေရာက မြန်မာ-ထိုင်း နယ်စပ်နဲ့ ၁ ကီလိုလောက်ပဲ ဝေးတယ်။ အခုလက်ရှိ ထိုင်းဘက်ကို ကရင်ပြည်နယ်က ပြည်သူပြည်သားတွေ အယောက် ၁၀၀ လောက် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်ပေါ့ ထွက်ပြေးတိမ်းရှောင်လာတယ်။ လေယာဉ် ဗုံးလာကြဲတဲ့အချိန်မှာ ပြည်သူ ၂ ယောက်လောက် ဒဏ်ရာရသွားလို့ ထိုင်းဆေးရုံတခုမှာ လာပြီး ဆေးကုသနေတယ်”လို့ ပြောပါတယ်။

အဆိုပါနေရာဟာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ် မဲ့အူးစူးအုပ်စုနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပြီး နယ်စပ်နဲ့ ၁ ကီလိုမီတာသာ ကွာဝေးတယ်။ 

ဒါ့ကြောင့် ထိုင်းတော်ဝင်လေတပ်အနေနဲ့ မိမိနိုင်ငံ အချုပ်အခြာအာဏာ ထိပါးခြင်းမှ ကာကွယ် စောင့်ရှောက်တဲ့အနေနဲ့  F-16  တိုက်လေယာဉ် ၂ စင်းနဲ့ ကင်းထောက်ပျံသန်းခဲ့ပါတယ်။ 

မြန်မာဘက်မှာ တိုက်ပွဲတွေဖြစ်တာကြောင့် ထိုင်းလေတပ်အနေနဲ့ မိမိနိုင်ငံ အချုပ်အခြာအာဏာပိုင်နက်အတွင်း ဝင်ရောက်လာမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့  F-16 အမျိုးအစားတိုက်လေယာဉ်နဲ့ ဝေဟင်ကနေ ကင်းလှည့်နေတယ်လို့  AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။

လေကြောင်းနဲ့ ဒရုန်းရန်တွေကြောင့် ထိုင်းဘက်ခြမ်းကို ထွက်ပြေးခိုလှုံ ဝင်ရောက်လာတဲ့ မြန်မာစစ်ဘေးရှောင် အယောက် ၁၀၀ လောက်ကို ထိုင်းနိုင်ငံက လူသားချင်းစာနာမှုအကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာဘက်က ရွာသားတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာခဲ့ကြကာ ထာ့ဆောင်ယန်းမြို့နယ်၊ မဲ့အူးစူးအုပ်စု၊ ဘန့်တလာအော်ကာကျေးရွာမှာ စစ်ဘေးရှောင် ၁၀၀ ခန့်  ရောက်ရှိနေပါတယ်။

ထိုင်းစစ်တပ် အမှတ် ၃၅ ခြေမြန်တပ်ရင်းနဲ့ ထာ့ဆောင်ယန်းရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူဟာ အဆိုပါစစ်ဘေးရှောင်တွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနေတယ်လို့ ထိုင်း သတင်းမှာ ဖော်ပြပါတယ်။ 

Source: AEC အာဆီယံထိုင်း 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013