ပွဲစဉ်အတွင်း အရက်မူးနေသည်ဆိုသည့် စွပ်စွဲချက်ကို ဆီးရီးယားဒိုင်လူကြီး ငြင်းဆို

အာရှချန်ပီယံလိဂ် ၂ ပွဲစဉ်မှာ တာဝန်ယူခဲ့တဲ့ ဆီးရီးယားဒိုင်လူကြီး ဟာနာဟက်တက်ဘ်ဟာ အရက်မူးနေတယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။
အီရန်ကလပ် ဂိုးဂိုဟာနဲ့ ယူအေအီးကလပ် အယ်လ်ဂျာဇီရာတို့ကစားခဲ့တဲ့ပွဲမှာ ဟက်တက်ဘ်ရဲ့ ဆုံးဖြတ်ချက်တွေ လွဲမှားခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ စတုတ္ထဒိုင်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒီပွဲမှာ အယ်လ်ဂျာဇီရာအသင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဂိုးဂိုဟာအသင်း တာဝန်ရှိသူက ဒိုင်လူကြီးဟာ ပုံမှန်အခြေအနေမှာ မရှိဘူးလို ပြောဆိုခဲ့ပေမဲ့ ဆီးရီးယားဘောလုံးအဖွဲ့ချုပ်ကတော့ ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိကြောင်း ပယ်ချခဲ့ပါတယ်။
ဟက်တက်ဘ်ဟာ သွေးတွင်းသကြားဓာတ် ကျဆင်းခဲ့တာကြောင့် အာရုံစိုက်မှု ပျောက်ဆုံးခဲ့တာလို့ အားကစားသတင်းထောက်တချို့က ဆိုပါတယ်။
ဟက်တက်ဘ်ကလည်း သူ့ကို သိက္ခာချမှုအတွက် ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ တုံ့ပြန်ထားပါတယ်။











