
တရုတ်ရေတပ်ဟာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနဲ့ အရေးပေါ်တုံ့ပြန်မှု စွမ်းရည်တွေကို စမ်းသပ်ဖို့ တောင်ပစိဖိတ်ဒေသက ပင်လယ်ပြင်မှာ လတ်တလော ရေတပ်အစုလိုက် လက်တွေ့ ပစ်ခတ် စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
တိုက်ခိုက်ရေးရေယာဉ်အုပ်စုထဲမှာ Type 055 အကြီးစားဖျက်သင်္ဘော ကျွင်းယိ၊ Type 054A ဖရီးဂိတ် စစ်သင်္ဘော ဟန်းယန်နဲ့ Type 903 အားဖြည့်သင်္ဘော ဝေရှန်းဟူတို့ ပါဝင်ပါတယ်။
ဒီစစ်သင်္ဘောတွေပေါ်မှာ ပင်လယ်ပြင် တိုက်ခိုက်ရေးနဲ့ လေကြောင်းရန်ကာကွယ်ရေး သင်တန်းတွေ ပို့ချပေးခဲ့တာပါ။
စစ်ရေးလေ့ကျင့်မှုအတွင်း အမည်မသိ မျက်နှာပြင်ပစ်မှတ်က အရှိန်ပြင်းပြင်းနဲ့ ရေယာဉ်စုနားကို ချဉ်းကပ်လာတာကို တွေ့ရှိခဲ့ပြီး အသေခံမောင်းသူမဲ့ လှေတစင်းဖြစ်ကြောင်း တွေ့တဲ့အခါ တိုက်ခိုက်ရေးအချက်ပေးသံ ထွက်ပေါ် လာပါတယ်။
စစ်သင်္ဘောတွေ အနီးကပ် ညှိနှိုင်းဆောင်ရွက်ပြီး ဒရုန်းသင်္ဘောကို စစ်သင်္ဘောပေါ်က သေနတ် တွေနဲ့ ပစ်ခတ်နှစ်မြှုပ်ခဲ့ပါတယ်။
ရေယာဉ်စုဟာ ပစိဖိတ်သမုဒ္ဒရာထဲက ရေပြင်အများအပြားဆီ ရွက်လွှင့်ခဲ့ပြီး တိုက်ပွဲ အခြေအနေတွေအောက်မှာ ဘာသာရပ်ပေါင်းစုံကို ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်ခဲ့ပါတယ်။
အရာရှိတွေနဲ့ စစ်သည်တွေဟာ လုပ်ငန်းစဉ်တလျှောက်လုံးမှာ တပ်လှန့်မှုအဆင့်မှာ ရှိနေခဲ့ပြီး သူတို့ရဲ့ တာဝန်တွေကို ကျေပွန်အောင် စွမ်းဆောင်နိုင်မှု တိုးတက်စေဖို့ အမိန့်ပေးခြင်း၊ ကျွမ်းကျင်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေကို လေ့ကျင့်ခဲ့ပါတယ်။
ဒီလေ့ကျင့်မှုဟာ သက်ဆိုင်ရာ နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာကျင့်ထုံးတွေနဲ့အညီ ပုံမှန် လေ့ကျင့်ရေးအစီအစဉ်ဖြစ်ပြီး ဘယ်နိုင်ငံ ဘယ်သူ့ကိုမျှ ပစ်မှတ်မထားခဲ့ဘူးလို့ တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
Source: Reuters