DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ကန့်သတ်မှုကြောင့် ဆီမီးကွန်ဒတ်တာလုပ်ငန်း ဖွံ့ဖြိုးမှု နှောင့်နှေးမည်ဟု တရုတ် ပြော
DVB
·
February 26, 2025
အမေရိကန် ကန့်သတ်မှုကြောင့် ဆီမီးကွန်ဒတ်တာလုပ်ငန်း ဖွံ့ဖြိုးမှု နှောင့်နှေးမည်ဟု တရုတ် ပြော
Donate to DVB

တရုတ်နိုင်ငံရဲ့ ဆီမီးကွန်ဒတ်တာလုပ်ငန်း မတည်မငြိမ်ဖြစ်သွားခဲ့ရင် အမေရိကန်ဟာ တခြားနိုင်ငံတွေကို  အတင်းအကျပ် ဖိအားပေးလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောပါတယ်။

အိမ်ဖြူတော်က တရုတ်နိုင်ငံအပေါ် တပိုင်းလျှပ်ကူးပစ္စည်း ကန့်သတ်ချက် တင်းကျပ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အမေရိကန်ရဲ့ အဲဒီလုပ်ရပ်တွေကြောင့် ကမ္ဘာလုံးဆိုင်ရာ တပိုင်းလျှပ်ကူးပစ္စည်း (ဆီမီးကွန်ဒတ်တာ) လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့ ဆီမီးကွန်ဒတ်တာလုပ်ငန်းကို မလိုလားအပ်ဘဲ ပိတ်ဆို့နေတဲ့အပေါ် တရုတ်ရဲ့ ပြတ်ပြတ်သားသား ရပ်တည်ချက်ကို ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ အမေရိကန်ဟာ နိုင်ငံရေးပုံစံ ဖန်တီးခြင်း၊ လုံခြုံရေး လွန်လွန်ကဲကဲလုပ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ပြဿနာတွေကို စီစဉ် ပုံဖော်နေခြင်း၊ တရုတ်နိုင်ငံကို ချစ်ပ်တင်ပို့မှုအပေါ် ထိန်းချုပ်မှုတွေကို ဆက်တိုက် တိုးမြင့်လာပြီးတော့ တရုတ်ရဲ့ ဆီမီးကွန်ဒတ်တာလုပ်ငန်းကို ဖိနှိပ်ဖို့အတွက် တခြားနိုင်ငံတွေကို အတင်းအကျပ် ဖိအားပေးခဲ့တယ်” လို့ လင်းကျန်းက ပြောပါတယ်။

ဒီလုပ်ရပ်တွေကြောင့် ကမ္ဘာလုံးဆိုင်ရာ တပိုင်းလျှပ်ကူးပစ္စည်း ဆီမီးကွန်ဒတ်တာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပြီး နောက်ဆုံးမှာ တခြားသူတွေရော သူ့ကိုယ်သူပါ ထိခိုက်နစ်နာစေမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ဟာ ပေကျင်းရဲ့ နည်းပညာဆိုင်ရာ စွမ်းပကားကို ကန့်သတ်ချင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တိုးချဲ့ဆောင်ရွက်နေရာမှာ မကြာသေးခင်က အမေရိကန် တာဝန်ရှိသူတွေဟာ တိုကျိုအီလက်ထရွန်နဲ့ ASML အင်ဂျင်နီယာတွေ တရုတ်နိုင်ငံရှိ ဆီမီးကွန်ဒတ်တာ ဂီယာတွေကို ထိန်းသိမ်းခြင်း မလုပ်ဖို့နဲ့ ပတ်သက်ပြီး ဂျပန်နဲ့ ဒတ်ခ်ျ အရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြောင်း Bloomberg သတင်းဌာနက ဖေဖော်ဝါရီ ၂၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ တချို့အရာရှိတွေဟာ လိုင်စင်မလိုဘဲ တရုတ်နိုင်ငံကို တင်ပို့နိုင်တဲ့ အန်ဗီးဒီးယား ချစ်ပ်တွေရဲ့ အရေအတွက်နဲ့ အမျိုးအစားတွေကို ထပ်မံကန့်သတ်ဖို့လည်း ရည်ရွယ်ထားကြောင်း ဒီကိစ္စနဲ့ နီးစပ်သူတချို့ကို ကိုးကားပြီး အစီရင်ခံထားတာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013