DVB Logo
Home
မြန်မာသတင်း
တောင်ဒဂုံရဲစခန်း ရဲကင်းဂိတ်  မိုင်းခွဲတိုက်ခိုက်ခံရ 
DVB
·
February 26, 2025
တောင်ဒဂုံရဲစခန်း ရဲကင်းဂိတ်  မိုင်းခွဲတိုက်ခိုက်ခံရ 
Donate to DVB

ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ တောင်မြောက်လမ်းဆုံအနီး၊ အမှတ် ၂ လမ်းမကြီးပေါ်က တောင်ဒဂုံ ရဲစခန်း အဝင်အထွက်ကင်းဂိတ်ကို  ဖေဖော်ဝါရီ ၂၅ ရက်ညက အဝေးထိန်း မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့  Dark Shadow က ပြောပါတယ်။

ရဲစခန်းအတွင်းကနေ ပြန်လည်ပစ်ခတ်နိုင်တာ မရှိဘူးလို့ Dark Shadow သတင်းပြန်ကြားတာဝန်ရှိသူက ပြောပါတယ်။

“ရဲစခန်း ရဲကင်းဂိတ်ကိုတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုအခြေအနေမသိရသေးပါဘူး။ ရဲဘော်များ ဘေးကင်း လုံခြုံစွာပြန်ရောက်ရှိပါပြီ။ စကစဘက်က ပြန်လည်ပစ်ခတ်တာမျိုးမရှိဘဲ တိတ်ဆိတ်ငြိမ်သက်သွားတာမျိုးပဲ ရှိပါတယ်။”

မနေ့ ည ၇ နာရီခွဲလောက်က  ရဲစခန်းနားမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီစစ်ဆင်ရေးအပါအဝင် Dark Shadow အဖွဲ့ဟာ စစ်ကောင်စီကို တိုက်ခိုက်မှုပေါင်း ၆၀ ကျော် ပြုလုပ်ခဲ့ပြီးပြီ ဖြစ်ပြီး ဒီအဖွဲ့ဟာ အာဏာရှင်စစ်တပ်ကို တော်လှန်ခဲ့တာ ၃ နှစ်ကျော် ခဲ့ပြီလို့ သိရပါတယ်။

Dark Shadow သတင်းပြန်ကြားတာဝန်ရှိသူက “တော်လှန်ပြည်သူတွေကိုအသိပေးချင်တာတော့ အခုကာလမှာ သွားသတိ၊ လာသတိနဲ့နေကြပါ။ စကစက စစ်မှူထမ်းဥပဒေနဲ့ လူငယ်တွေကို တနေ့တမျိုးမရိုးရအောင် ဒုက္ခပေးနေပါတယ်”လို့ ပြောပါတယ်။

ဖေဖော်ဝါရီ  ၂၃ ရက်၊ ည ၆ နာရီ မိနစ် ၅၀ လောက်ကလည်း မှော်ဘီမြို့နယ်၊ အမှတ်၄ လမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်က မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးကို Operation Flame OF အဖွဲ့က အဝေးထိန်းမိုင်း ၂ လုံးနဲ့ ရဲဝန်းအဝင်အဝမှာ ဖောက်ခွဲခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013