DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ချင်းတောင်ပိုင်းတိုက်ပွဲ၌ စစ်တပ်က တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်များ သေဆုံး၊ ဒဏ်ရာရ
DVB
·
August 2, 2026
Photo: CPA
Photo: CPA
Donate to DVB

ချင်းပြည်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲတွေမှာ စစ်အာဏာရှင်တပ်က တပ်ရင်မှူး ဗိုလ်မှူးကျော်ဆက်နဲ့ တပ်မှူးတချို့ သေဆုံးပြီး တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့ တပ်မတော် (CPU/CPA) က ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်အာဏာရှင်တပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပြီး ဇူလိုင်လကုန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို ချင်းပြည်သူ့တပ်တော်(CPA) ဘက်ကလည်း မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး ခုခံတုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ ယာယီအခြေပြုနေရာတွေကိုလည်း ချင်းပြည်သူ့တပ်မတော်(CPA)၊ ချင်းညီနောင်(CB)အဖွဲ့ဝင်တွေ၊ ယောဒေသ တပ်တွေဖြစ်တဲ့ (YA)၊(YDF) အပါဝင် တခြားတော်လှန်ရေး မဟာမိတ်တပ်တွေနဲ့ လက်တွဲပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

တိုက်ပွဲတွေအတွင်း စစ်အာဏာရှင်တပ်သား အလောင်းတွေ၊ လက်နက်ခဲယမ်းတွေ၊ ဒရုန်းတွေ၊ Jammerတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်း အများအပြားနဲ့ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရထားတယ်လို့ CPA က ထုတ်ပြန်ပါတယ်။

ဒါအပြင် စစ်အာဏာရှင်တပ်ကနေ ထွက်ပြေးလာပြီး လက်နက်ချပူးပေါင်းလာသူ အများအပြားလည်း ရှိသလို သူတို့ကို ကောင်းစွာနေရာချပေးထားကာ သူတို့ရဲ့ မိသားစုဝင်တွေ ဆီကို လုံခြုံစွာနဲ့ ပြန်လည်ပို့ဆောင်ပေးဖို့လည်း စီစဉ်နေပါတယ်။

စစ်အာဏာရှင် စစ်ကြောင်းတွေဟာ ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်တဲ့အခါ ယောဒေသခံ အသက် ၇၀ အရွယ် အမျိုးသား ၂ ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့တာကြောင့် CPA တပ်ဖွဲ့ဝင်တွေက တယောက်ကို ကယ်တင်နိုင်ခဲ့ကာ သူရဲ့ မိသားစုဝင်တွေဆီကို ပြန်ပို့ဆောင်နိုင်ခဲ့ပေမဲ့ တခြား အရပ်သားတယောက်ကတော့  စစ်တပ်သတ်ဖြတ်ခဲ့တဲ့ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

စစ်အာဏာရှင် စစ်ကြောင်းဟာ စစ်ကြောင်းတလျောက် ကျေးရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးတာ၊ နှိပ်စက်သတ်ဖြတ်တာတွေကိုလည်း ဆက်တိုက်ကျူးလွန်နေပြီး စစ်ရာဇဝတ်မှုတွေကိုလည်း ကျူးလွန်နေတယ်လို့ CPA က ပြောပါတယ်။

မကွေးတိုင်း လောင်းရှည်- ဆောလမ်းအတိုင်း အင်အားအများအပြား ဖြည့်တင်းလာတဲ့ စစ်ကြောင်းတွေကိုလည်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ခုခံတိုက်ခိုက်မှုတွေကြောင့် သေကျေ ထိုခိုက်မှုတွေနဲ့ ပြန်ဆုတ်နေရသလို ပေါက်-ကျောက်ထု- ထီးလင် လမ်းပိုင်းက အင်အားဖြည့်တင်းမှုတွေကိုလည်း မှန်းထားတဲ့ ခရီးမပေါက်နိုင်အောင် တော်လှန်ရေး အင်အားစုတွေဘက်က နေရာစုံကနေ ဖြတ်တောက်၊ ပိတ်ဆို့ တိုက်ခိုက်ထားနိုင်ခဲ့တယ်လို့ CPA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်အနေနဲ့ မြို့၊ရွာတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ရမ်းသမ်းပစ်ခတ်နေကြီး ၂၀၂၆ ခုနှစ် မေလလယ်ကနေ ဇူလိုင်လကုန်အထိ အကြိမ်ပေါင်း ၆၀၀ ကျော် လေကြောင်းတိုက်ခိုက် ထားတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်တပ်ဟာ ချင်းပြည်တောင်ပိုင်းရှိ မင်းတပ်နဲ ကန်ပက်လက် မြို့နယ်တို့ကို မေလလယ်ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ပထမအချီ ထိုးစစ်တပ်လန်ခဲ့တာကြောင့် ဇူလိုင် ဒုတိယအပတ်ကစကာ အင်အားထောင်ချီဖြည့်ပြီး ဒုတိယအကြိမ် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013