DVB Logo
Home
မြန်မာသတင်း
စားသုံးဆီရည်ညွှန်းဈေး ကျဆင်းသော်လည်း ပြင်ပဆိုင်များက အတက်ဈေးဖြင့်ရောင်းနေ
DVB
·
February 25, 2025
စားသုံးဆီရည်ညွှန်းဈေး ကျဆင်းသော်လည်း ပြင်ပဆိုင်များက အတက်ဈေးဖြင့်ရောင်းနေ
Donate to DVB

စားသုံးဆီကော်မတီက ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ် ၂ ရက်အထိ တပတ်တာအတွက် စားသုံးဆီ လက်ကားဈေး တပိဿာကို ၆,၉၀၅ ကျပ်နဲ့ ရောင်းဝယ်ဖို့ သတ်မှတ်ထားပေမဲ့ ပြင်ပဈေးကွက်က ဆိုင်တွေမှာ အတက်ဈေးနဲ့သာ ရောင်းချနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က လက်‌ကားဈေးတပိဿာ ကျပ် ၇,၂၅၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ၃ ပတ်အကြာမှာ ကျပ် ၃၅၀ ကျော် ဈေးကျခဲ့တာဖြစ်ပါတယ်။

လက်ကားအရင်းဈေးရဲ့ ၁၀ ရာခိုင်နှုန်းကို လက်လီဈေးအဖြစ် ပြင်ပဆိုင်တွေမှာ ရောင်းချဖို့ သတ်မှတ်ပေးထားပေမဲ့ ၆,၉၀၅ ကျပ်ရဲ့ ၁၀ ရာခိုင်နှုန်းပေါင်းဈေး တပိသာကို ၇,၅၉၅ ကျပ်ထက် ကျော်လွန်ပြီး ရပ်ကွက်ဆီဆိုင်တွေက ပိုတောင်းနေတယ်လို့ မြောက်ဥက္ကလာပမြို့ခံတယောက်က ပြောပါတယ်။

“ဟိုတခါ ဈေးတက်တုန်းကလည်း တပိဿာ ၈,၀၀၀ ပဲ။ အခုလည်း ၈,၀၀၀ ပဲ။ ဈေးသည်တွေကမှ တပတ်ကို ၂ ခါ ထုတ်လို့ရတယ်။ ပုံမှန်က ဆီစာအုပ်တအုပ်ကို တပတ် တခါပဲ။ တခါကို ၅၀ သားပဲ ထုတ်လို့ရတယ်။ ဘယ်တော့မှ အလေးမပြည့်ဘူး။ အပြင်မှာ တပိဿာ ၁၀,၀၀၀၊ ၁၂,၀၀၀ ဈေး။”

ရပ်ကွက်နေသူတွေအနေနဲ့ တအိမ်ထောင်ကို တပတ် ၅၀ ကျပ်သားသာ ဆီထုတ်ခွင့် ရနေတာကြောင့် ပြင်ပဈေးကွက်မှာ စားသုံးဆီကို ဈေးကြီးပေးဝယ်ယူနေရကြပါတယ်။

ပြည်တွင်းစားသုံးဆီ တပတ်စာရည်ညွှန်းဈေးကို နိုင်ငံခြားစားသုံးဆီဈေးနှုန်း ဖြစ်ပေါ်နေမှုတွေအပေါ် မူတည်ကာ အခြေခံတွက်ချက်တာဖြစ်ပြီး ရည်ညွှန်းဈေး သိသိသာသာ မတက်လာပေမဲ့ စားသုံးသူတွေဟာ ပြင်ပပေါက်ဈေးအတိုင်း ဈေးကြီးပေး ဝယ်နေကြရတာ ဖြစ်ပါတယ်။

လက်လီရောင်းချမှုကို စားသုံးဆီအရင်းဈေးနှုန်းရဲ့ အမြတ်‌ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနဲ့ ပြင်ပမှာ ဖြန့်ချိရောင်းဝယ်ဖို့၊ လက်ကားကုန်သည်အရောင်းဆိုင်ကြီးတွေက အသားတင် အမြတ် ၂ ရာခိုင်နှုန်း၊ အထွေထွေကုန်ကျစရိတ်ပေါင်းပြီးတဲ့ ဈေးနဲ့သာ ရောင်းချဖို့ကို ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၄ ရက် ကတည်းက မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စာထုတ်ပြန်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013