DVB Logo
Home
နိုင်ငံတကာ
၂၀၂၅ အတွက် ဖော်မြူလာဝမ်း ပြိုင်ကားသစ် Aston Martin မိတ်ဆက်
DVB
·
February 25, 2025
၂၀၂၅ အတွက် ဖော်မြူလာဝမ်း ပြိုင်ကားသစ် Aston Martin မိတ်ဆက်
Donate to DVB

၂၀၂၅ ခုနှစ် ဖော်မြူလာဝမ်း ပြိုင်ပွဲရာသီအတွက် Aston Martin က သုံးစွဲမယ့် ပြိုင်ကားသစ်ကို မိတ်ဆက်လိုက်ပါတယ်။

မာစီးဒီးစ်အင်ဂျင်တပ် AMR25 ကားသစ်ကို ဖေဖော်ဝါရီ ၂၆ ရက်ကျရင် ဘာရိန်းမှာ စတင် စမ်းသပ်မောင်းနှင်မှာ ဖြစ်ပါတယ်။

Aston Martin အသင်းဟာ ၂၀၂၄ ခုနှစ်မှာ ဒုတိယနှစ်အဖြစ် ဝင်ပြိုင်ခဲ့ရာ ပဥ္စမနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပထမဆုံးအကြိမ်ဝင်ပြိုင်တဲ့ ၂၀၂၃ တုန်းက အသင်းကိုယ်စားပြုပြိုင်ပေးတဲ့ ကမ္ဘာ့ချန်ပီယံ နှစ်ကြိမ်ရ အလွန်ဆိုဟာ ရှေ့ပိုင်းပွဲစဉ် ၈ ပွဲမှာ ၆ ပွဲအထိ နိုင်ခဲ့ပြီး အများကြီး မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမဲ့ ၂၀၂၄ မှာတော့ အလွန်ဆိုဟာ အဆင့် ၅ ထက် ပိုမြင့်တဲ့အဆင့်တောင် မရတော့သလို အသင်းဖော် လန့်စထရိုးကလည်း အဆင့် ၆ ပဲ အမြင့်ဆုံးရခဲ့ပါတယ်။

အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ဒန်ဖဲလိုး နေရာမှာ ဖရာရီအသင်းက နည်းစနစ်ဒါရိုက်တာ အန်ရီကို ကာဒီလီနဲ့ အစားထိုးထားပါတယ်။

ရက်ဒ်ဘူးလ်အသင်းက ဆုရဒီဇိုင်နာ အန်ဒရီယန်နီဝေးကိုလည်း ခေါ်ယူထားပြီး မတ် ၃ ရက်နေ့ စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။

ဖော်မြူလာဝမ်းရာသီဟာ မတ်လ ၁၆ ရက်နေ့ကျရင် ဩစတြေးလျမှာ စတင်မှာဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013