DVB Logo
Home
မြန်မာသတင်း
မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှုဟု ဦးဝီရသူ မိန့်ကြား
DVB
·
October 29, 2014
မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှုဟု ဦးဝီရသူ မိန့်ကြား
Donate to DVB

မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်း မပေးရင် မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမယ်လို့ ဦးဝီရသူက မိန့်ကြားကြောင်း လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာပေါ်မှာ ပျံ့နှံနေတာဟာ တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ ကာယကံရှင်ဦးဝီရသူက မိန့်ကြားပါတယ်။

Wirathuအောက်တိုဘာ ၂၇ ရက်နေ့က မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှာ အထက်ဗမာပြည် အမျိုး ဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ စတုတ္တအကြိမ် စုပေါင်း စုံညီတွေ့ဆုံပွဲမှာ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးကို နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး မပြဋ္ဌာန်းပေးရင် ဒီဇင်ဘာ ၂ ရက်နေ့မှာ မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ဆန္ဒဖော်ထုတ်သွားမယ်လို့ ဦးဝီရသူက မိန့်ကြားတယ်ဆိုတဲ့ ရေးသားချက်တွေ လူမှုရေးကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

“ပြောတာလည်း မဟုတ်ပါဘူး။ ရေးတာလည်း မဟုတ်ပါဘူး။ မဟုတ်တဲ့အကြောင်းကို သူတို့သတင်းက ရေးလာတာနဲ့ တပြိုင်နက် ဦးဇင်းအကောင့်ကနေ ပြန်ချေပထားပါတယ်” လို့ ဦးဝီရသူက မိန့်ကြားပါတယ်။

အရင်က သုံးခဲ့တဲ့လူမှုရေးအကောင့်တွေက တိုက်ခိုက်ခံထားရတဲ့အတွက် မြန်မာလို ၀ီရသူ (မစိုးရိမ်) ဆိုပြီး အကောင့်တခုနဲ့ ထပ်မံဖွင့်ထားပြီး အဲဒီမှာ ရှင်းလင်းထားတယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013