DVB Logo
Home
မြန်မာသတင်း
Bi မွန်းတည့်နေ အယူခံ ခရိုင်တရားရုံး ပယ်ချ
DVB
·
October 29, 2014
Bi မွန်းတည့်နေ အယူခံ ခရိုင်တရားရုံး ပယ်ချ
Donate to DVB

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ Bi မွန်းတည့်နေဂျာနယ်က သတင်းထောက်တွေရဲ့ အယူခံကို အနောက်ပိုင်းခရိုင် တရားရုံးက ပယ်ချလိုက်ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့က မနက် ၁၁ နာရီက အယူခံလွှာ တင်သွင်းခဲ့ပေမယ့် ညနေ ၃ နာရီ လျှောက်လဲချက်ပေးခဲ့ပြီးမှာတော့ ပယ်ချလိုက်တာလို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဝင်းက ပြောပါတယ်။

dvb11-622x414“ရုံးကတော့ ကျနော်တို့ လျှောက်လဲတဲ့ ကိစ္စကို အကျဉ်းနည်းနဲ့ ပလပ်လိုက်တာပေါ့။ ဆိုလိုတာက နောက်ဆုံးအထိ ဆက်မသွားတော့ဘူးပေါ့။ အမှုတွဲဖော်တာတွေလည်း မလုပ်တော့ ဘူးပေါ့၊ အကျဉ်းနည်း ပလပ်တယ်ဆိုတာက ပမာဏအနေနဲ့ လက်ခံစရာ အကြောင်းမမြင်ဘူး ပေါ့။ အဲလို အဓိပ္ပာယ်ရှိတာပေါ့။”

ရန်ကုန်တိုင်းဒေသကြီးတရားရုံးကို အယူခံလွှာ ဆက်လက်တင်သွင်းဖို့အတွက် ကာယကံရှင်တွေနဲ့ တိုင်ပင်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

အယူခံလွှာ တင်သွင်းရာမှာ ပြစ်ဒဏ်များတဲ့အကြောင်း မီဒီယာသမားတွေ သတင်းရယူရာမှာ အမှုအခင်းဖြစ်တဲ့အတွက် မီဒီယာဥပဒေနဲ့  ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးဖို့ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို ရောရောထွေးထွေး မသုံးသပ်ဖို့ သတင်းသမားတွေက သတင်းအတိုင်း ဖော်ပြတာဖြစ်တယ်ဆိုတဲ့ အကြောင်းတွေ ရေးသားခဲ့တယ်လို့ ဦးကျော်ဝင်းက ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ (အမ်ဒီစီအက်ဖ်) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြလို့ Bi မွန်းတည့်နေဂျာနယ် သတင်းသမားတွေကို ဇူလိုင်လမှာ ၁၉၅၀ အရေးပေါ်အက်ဥပဒေပုဒ်မ ၅ ည၊ ၅ (ဃ) နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သြဂုတ်လမှာတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ပြောင်းလဲ စွဲဆိုခဲ့ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013