DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီး ကျပ် သိန်း ၁,၅၀၀ ပါသွား 
DVB
·
February 21, 2025
မန္တလေးတွင် ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီး ကျပ် သိန်း ၁,၅၀၀ ပါသွား 
Donate to DVB

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၇၂ လမ်းနဲ့ ၇၃ လမ်းကြား၊ ၄၁ လမ်းပေါ်က ကမ္ဘောဇဘဏ်ခွဲ ၃၇ ဖေဖော်ဝါရီ ၂၁ ရက်က  ဒုတိယအကြိမ် ဓားပြတိုက်ခံရပြီး ကျပ် ငွေသိန်း ၁,၅၀၀ ပါသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လကမှ ဓားပြတိုက်ခံရတဲ့ ကမ္ဘောဇဘဏ်ခွဲ ၃၇ ကို ဒီနေ့ နေ့လယ် ၁ နာရီခွဲက အမျိုးသားတယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ငွေထုတ်ချင်ဟန်ဆောင်ကာ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“အရင်ကလည်း အဲဒီဘဏ် ဓားပြတိုက်ခံရတယ်။ အဲဒီတုန်းက ဘဏ်ဝန်ထမ်းနဲ့ ပြန်ခုခံတာ လက်ထိသွားတယ်။ အခု ဘဏ်ဝန်ထမ်းက ငွေထုပ်ကို ဓားပြလာတိုက်တဲ့သူရဲ့ ဆိုင်ကယ်ပေါ် လိုက်တင်ပေးတယ်လို့ ကြားတယ်။”

လတ်တလောမှာ ကမ္ဘာဇဘဏ် ၃၇ ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးနေပြီး CCTV မှတ်တမ်းကတဆင့် လိုက်လံ ပိတ်ဆို့ရှာဖွေ စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က  ​ပြောပါတယ်။

“ဘဏ်ကို လာအပ်ထားတဲ့ သိန်း ၁,၅၀၀ အိတ် ပါသွားတယ်။ လတ်တလောတော့ ပိတ်ဆို့စစ်ဆေးနေတုန်း၊ မမိသေးဘူး။”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က ကမ္ဘောဇဘဏ်ခွဲ ၃ ကို အမျိုးသားတယောက် ဓားပြတိုက်ခဲ့ရာ ဘဏ်ဝန်ထမ်းနဲ့ ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးလို့ ဓားပြတိုက်သူ အမျိုးသားကို ဖမ်းမိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013