DVB Logo
Home
မြန်မာသတင်း
တရားစွဲခံထားရသည့် ရွှေ့ပြောင်းအလုပ်သမားအရေးလှုပ်ရှားသူ အမှုကလွတ်မြောက်
DVB
·
October 29, 2014
တရားစွဲခံထားရသည့် ရွှေ့ပြောင်းအလုပ်သမားအရေးလှုပ်ရှားသူ အမှုကလွတ်မြောက်
1 / 2
Donate to DVB

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး လုပ်ဆောင်ရင်း ထိုင်းကုမ္ပဏီတခုရဲ့ တရားစွဲဆိုမှု ခံခဲ့ရတဲ့ လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက မစ္စတာ အန်ဒီဟောလ်ဟာ အောက်တိုဘာလ ၂၉ ရက်နေ့မှာ အမှုတခုက လွတ်မြောက်ခဲ့ပါတယ်။

10173522_10152579708410677_8640580670294798569_nသူ့ကို စွဲဆိုထားချက်ဟာ ခိုင်လုံမှုမရှိတဲ့အတွက် ဘန်ကောက်ခရိုင် ဖရာခနုန် တရားရုံးက တရားဝင် ပယ်ချလိုက်တယ်လို့ တရားရုံးမှာ ပါဝင်ကြားနာခဲ့သူ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားကွန်ရက်ရဲ့ အတိုင်ပင်ခံ မစ္စတာ အန်ဒီဟောလ်ကို စွဲဆိုထားတဲ့အမှု ၃ မှုထဲက ပထမဆုံးအမှုကို အမိန့်ချတာပါ။ တရားလိုဘက်က စွဲဆိုထားတဲ့အမှုဟာ လုံးဝခိုင်မာမှု မရှိတဲ့အတွက်ကြောင့်၊ ဥပဒေကြောင်းအရလည်း အထမမြောက်တဲ့အတွက်ကြောင့် အမှုက တရားဝင်ပယ်ဖျက်လိုက်ပါတယ်။”

ခုလို အမှု နိုင်သွားတဲ့အတွက် တရားရုံးမှာ ပေးဆောင်စရာရှိတဲ့ ဘတ်ငွေသန်းပေါင်း ၃၀၀  နဲ့  ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရမှုကနေ လွတ်မြောက်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမယ့် နောက်ထပ် အီလက်ထရောနစ်ဆိုင်ရာ ပြစ်မှုဥပဒေနဲ့ ကုမ္ပဏီပိုင် ပစ္စည်း ဆုံးရှုံးနစ်နာစေမှု ၂ ခုကို ရင်ဆိုင်ရဦးမယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

မစ္စတာ အန်ဒီဟောလ်ကတော့ သူ့အနေနဲ့ ကျန်တဲ့အမှုတွေအတွက်လည်း  စိုးရိမ် ကြောင့်ကြမှု မရှိဘဲ အမှန်တရားအတွက် လွတ်မြောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“ကျနော် ဘာမှ မစိုးရိမ်ပါဘူး။ တရားဥပဒေစီရင်မှုဟာ ကျနော်နဲ့တကွ ရွှေ့ပြောင်း အလုပ်သမားများအားလုံးအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချပေးလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ အမှန်တရားအတွက် လုပ်ကိုင်ရင်း ရင်ဆိုင်ရတဲ့ အမှုတိုင်းကို ကျနော်တို့ နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီကနေ့ အနိုင်ရမှုဟာလည်း ကျနော် တဦးတည်း အနိုင်ရတာ မဟုတ်ဘဲ အလုပ်သမားအားလုံး အနိုင်ရတာပဲ ဖြစ်ပါတယ်။  အလုပ်သမားတွေ အားလုံး စည်းလုံးကြမယ်ဆိုရင် ကိုယ့်အခွင့်အရေးနဲ့ တရားမျှတမှုတွေအတွက် အနိုင်ရမှာ ဖြစ်ပါတယ်။”

မစ္စတာ အန်ဒီဟောလ်ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရွှေ့ပြောင်းအလုပ်သမား ထောင်ချီရှိတဲ့ Natural Fruit Co.ltd သဘာဝသစ်သီးကုမ္ပဏီဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ရှိကြောင်း သူ့ရဲ့ သုတေသနပြုစာတမ်းမှာ ဖော်ပြခဲ့သလို အယ်လ်ဂျာဇီး ယားရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အလုပ်သမားတို့ ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေလည်း တောင်းဆိုပေးခဲ့တဲ့အတွက် အဆိုပါ ကုမ္ပဏီရဲ့ တရားစွဲမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013