DVB Logo
Home
မြန်မာသတင်း
ယူအန်အက်ဖ်စီ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းရန် ကေအန်ယူ ဆုံးဖြတ်
DVB
·
October 29, 2014
ယူအန်အက်ဖ်စီ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းရန် ကေအန်ယူ ဆုံးဖြတ်
Donate to DVB

ဘားအံခရိုင် လေးဝါး စခန်းမှာ ကျင်းပနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးမှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) တာဝန်ရှိသူတွေနဲ့ ကေအန်ယူတာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းဖို့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသား (မီဒီယာ) က သတင်းဖော်ပြပါတယ်။

[caption id="attachment_69160" align="aligncenter" width="509"]အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ) အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ)[/caption]

ယူအန်အက်ဖ်စီ အဖွဲ့ဝင်အဖြစ်ကနေ အပြီးသတ်နုတ်ထွက်ခြင်းမရှိသေးဘဲ ဆွေးနွေးညှိနှိုင်းသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့လပိုင်းက ကျင်းပတဲ့ ယူအန်အက်ဖ်စီ ပထမအကြိမ်ညီလာခံမှာ အမြင်မတူညီမှုနဲ့ သဘောထားကွဲလွဲမှုတွေကြောင့် ကေအန်ယူကိုယ်စားလှယ်တွေ ညီလာခံကနေ ထွက်ခွာခဲ့ကြသလို ယူအန်အက်ဖ်စီ အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ခဲ့တာပါ။

အခုကျင်းပတဲ့ အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးမှာ အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်မယ်၊ မပါဝင်တော့ဘူးဆိုတာ ဆုံးဖြတ်မယ်လို့ ခေါင်းဆောင်ပိုင်းက ကနဦး ထုတ်ဖော်ပြောဆိုထားကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံးဟာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်ကာလတလျှောက်မှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး မဟာမိတ်တပ်ပေါင်းစုတွေမှာ ဦးဆောင်ဦးရွက်ပြုခဲ့ပါတယ်။

ညီလာခံကနေ ထွက်ခွာပြီး အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ပေမယ့် ယူအန်အက်ဖ်စီ ညီလာခံကတော့ ထိပ်ပိုင်းဗဟိုအလုပ်အမှုဆောင်နေရာ ၁၀ ခုအနက် ဒုဥက္ကဋ္ဌ နေရာနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီနေရာတွေကို ကေအန်ယူအတွက် လျာထား ချန်လှပ်ထားပါတယ်။

ကေအန်ယူဟာ ယူအန်အက်ဖ်စီမှာ မပါပေမယ့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးနေတဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှာတော့ ပါဝင်ဆောင်ရွက်နေပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ကစတင်တဲ့ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကို ဗဟိုကော်မတီ ရာနှုန်းပြည့်နီးပါး တက်ရောက်ကြောင်းနဲ့ ဒီကနေ့ ဆက်လက်ကျင်းပမှာဖြစ်ကြောင်း ကရင်အမျိုးသား (မီဒီယာ) က ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013