DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ လူသားချင်းစာနာအကူအညီပေးနိုင်ရန် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ လိုအပ်
DVB
·
February 20, 2025
မြန်မာနိုင်ငံ၌ လူသားချင်းစာနာအကူအညီပေးနိုင်ရန် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ လိုအပ်
Donate to DVB

၂၀၂၅ ခုနှစ်မှာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေး အစီအစဉ်အရ လူဦးရေ ၅ သန်းခွဲကို လူမှုဘ၀ကယ်ဆယ်ရေး အကူအညီတွေ ပေးနိုင်ဖို့အတွက် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ လိုအပ်နေတယ်လို့ UNOCHA က ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအနှံ့ (အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း) မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါကြောင့် အရပ်သားပြည်သူတွေဟာ စစ်ပွဲရဲ့ ပဋိပက္ခတွေကို ခံစားနေကြရတဲ့အပြင် ဘေးအန္တရာယ်တွေ၊ ရောဂါတွေ၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးတာတွေ စတဲ့ အကျပ်အတည်းမျိုးစုံကိုပါ တပြိုင်နက်တည်း ရင်ဆိုင်နေကြရတာပါ။

ဒါ့အပြင် တိုက်ပွဲအရှိန်မြင့်လာတာနဲ့အမျှ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ မြန်မာနိုင်ငံ နေရာအနှံ့မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်တွေကြောင့် သေဆုံးသူဦးရေဟာ တခြားနိုင်ငံတွေထက် ကျော်လွန်ကာ ကမ္ဘာ့အများဆုံး ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး သန်းပေါင်း များစွာသော ပြည်သူတွေဟာ ဘေးကင်းလုံခြုံတဲ့ မှီခိုရာနေရာ ဒါမှမဟုတ် သောက်သုံးရေ မရရှိဘဲ နေထိုင်နေကြရပါတယ်။

စစ်အာဏာသိမ်းယူပြီး ၄ နှစ်အကြာမှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ ၃ သန်းခွဲကျော်ရှိပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013