DVB Logo
Home
နိုင်ငံတကာ
ရုရှားက ဖမ်းဆီးထားသည့် အမေရိကန်ကျောင်းဆရာကို ပြန်လွှတ်
DVB
·
February 20, 2025
ရုရှားက ဖမ်းဆီးထားသည့် အမေရိကန်ကျောင်းဆရာကို ပြန်လွှတ်
Donate to DVB

၂၀၂၁ ခုနှစ် သြဂုတ်လကတည်းက ရုရှားမှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်ကျောင်းဆရာ မာ့ခ် ဖိုဂယ်ကို ရုရှားက အင်္ဂါနေ့မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ အိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က ကြိုတင်မကြေညာဘဲသွားရောက်တဲ့ ရုရှားမြို့တော် မော်စကိုဆီ အလည်အပတ် ခရီးစဉ်အတွင်းအခုလို ပြန်လွှတ်ပေးလိုက်တာပါ။

ရုရှားအစိုးရရဲ့ ၃ နှစ်ကြာ ယူကရိန်းကျူးကျော်မှုကို အဆုံးသတ်ဖို့ ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေအတွက် အုတ်မြစ်ချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြိုးပမ်းနေချိန်မှာ ခုလို တိုးတက်လာတာပါ။

သမ္မတထရမ့်ပ်၊ စတိဗ် ဝစ်ကော့ဖ်နဲ့ သမ္မတရဲ့ အကြံပေးတွေက ရုရှားတွေဆီက ယုံကြည်ချက်ကို ကောင်းကောင်း ပြနေတယ်၊ ရက်စက်ပြီး ကြောက်စရာကောင်းတဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ လမ်းကြောင်းမှန်ပေါ်ကို လျှောက်လှမ်းနေတဲ့ အရိပ်အယောင်တခု ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ် ဝေ့ါဇ်က ပြောပါတယ်။

ထရမ့်ပ်ရဲ့ အရှေ့အလယ်ပိုင်းသံတမန်ဖြစ်တဲ့ ဝစ်ကော့ဖ်ဟာ ဖိုဂယ်ကို ခေါ်လာဖို့ ရုရှားကို တိတ်တဆိတ် သွားခဲ့တာပါ။ သူတို့ ၂ ယောက်စလုံး ရုရှားလေပိုင်နက်ကနေ ထွက်လာပြီလို့ ဝစ်ကော့ဖ်က ပြောပါတယ်။

ထရမ့်ပ်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စကားပြောခဲ့တယ်လို့ ထုတ်ပြောပေမဲ့ ၃ နှစ်ကြာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေး အခိုင်အမာပြောတာကလွဲလို့ တခြား အသေးစိတ် အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဖိုဂယ်က သူ့ခရီးဆောင်အိတ်ထဲမှာ ဆေးခြောက် ၁၇ ဂရမ်နဲ့အတူ မော်စကိုမြို့ ရှီရီမီထီယေဗာ လေဆိပ်မှာ ၂၀၂၁ ခုနှစ် သြဂုတ်လက ထိန်းသိမ်းခံခဲ့ရပြီး မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစတဲ့ သမိုင်းဝင် အကျဉ်းသား ၂၄ ယောက်ကို လဲလှယ်မှုအတွင်း Wall Street ဂျာနယ် သတင်းထောက် အီဗန် ဂါရှ်ကိုဗစ်ချ် အပါအဝင် ၁၆ ယောက်ကို ရုရှားက အနောက်နိုင်ငံတွေဆီ ပြန်ပို့ခဲ့ပြီး အနောက်နိုင်ငံတွေက ရုရှဆီ ၈ ယောက် ပြန်ပို့ခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖိုဂယ် လွတ်မြောက်ရေးအတွက် အမေရိကန်က တစုံတရာ စွန့်လွှတ်ခြင်း ရှိ၊ မရှိ မပြောခဲ့ပါဘူး။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013