DVB Logo
Home
မြန်မာသတင်း
ကရင်ဒုက္ခသည်အကြောင်း ဓာတ်ပုံအက်ဆေး AI လူ့အခွင့်အရေးမီဒီယာဆု ချီးမြှင့်ခံရ
DVB
·
February 19, 2025
ကရင်ဒုက္ခသည်အကြောင်း ဓာတ်ပုံအက်ဆေး AI လူ့အခွင့်အရေးမီဒီယာဆု ချီးမြှင့်ခံရ
Donate to DVB

ထိုင်းနိုင်ငံ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က  ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးမီဒီယာဆုတွေ ထုတ်ပြန်ကြေညာရာမှာ ကရင်ဒုက္ခသည်တွေအကြောင်း မှတ်တမ်းတင် ရိုက်ကူးတင်ဆက်ခဲ့တဲ့ ထိုင်းဓာတ်ပုံသတင်းထောက်  ဝပ်ဂျန်နာဖိုလ် ဆီရိ ချွန်ဖောင်က ဆုချီးမြှင့်ခံခဲ့ရပါတယ်။

BenarNews ရဲ့ အလွတ်တန်းသတင်းထောက်  ဆီရိ ချွန်ဖောင်ဟာ ထိုင်းနိုင်ငံအရှေ့ပိုင်း၊ လယောင်းခရိုင်ထဲက ကရင်ဒုက္ခသည်တွေရဲ့ ဘဝအကြောင်း ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ပြီး ကရင်ပြည်နယ်မှ လယောင်းသို့ စစ်ပွဲက ထွက်ပြေးပြီး အိမ်နဲ့အဝေးမှာ ဘဝသစ်စတင်မှု “From Karen state to Rayong: Fleeing war to a new life far from home” ခေါင်းစဉ်နဲ့ တင်ဆက်ခဲ့တာပါ။

ဖေဖော်ဝါရီ ၁၇ ရက်မှာ ထိုင်း AI အဖွဲ့က ဆုတွေ ထုတ်ပြန်ကြေညာရာမှာတော့ လူ့အခွင့်အရေး ခေါင်းစဉ်အောက်က ဓာတ်ပုံဆုမှာ တတိယဆုအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ ဒီကဏ္ဍအောက်မှာ ပြိုင်ပွဲဝင် ၁၂၁ ဦးထဲကနေ ဆန်ကာတင် ၁၀ ယောက်စာရင်းထဲ ပါဝင်ခဲ့တာဖြစ်ကာ ဆုရရှိခဲ့တဲ့ ဓာတ်ပုံအက်ဆေးကိုတော့ ထိုင်းဘာသာနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်မှာ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးခေါင်းစဉ်အောက်က ဓာတ်ပုံအက်ဆေး ပထမဆုကိုတော့ သက်ဆင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဖြစ်ပွားခဲ့တဲ့ နိုင်ငံ့တောင်ပိုင်းက တာ့ခ်ဘိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ အက်ဆေးနဲ့ ရရှိသွားခဲ့တာပါ။

၂၀၂၄ ခုနှစ်အတွက် ထိုင်း AI အဖွဲ့က ရွေးချယ်ချီးမြှင့်တဲ့ လူ့အခွင့်အရေးမီဒီယာဆုတွေ ထဲမှာတော့ ပုံနှိပ်နဲ့ အွန်လိုင်းမီဒီယာတွေပေါ်မှာ တင်ဆက်တဲ့ ထူးချွန်သတင်းဆုတွေ၊ ရုပ်သံထုတ်လွှင့်မှုကဏ္ဍ အပါအဝင် တခြားသော သတင်းဆောင်းပါးဆုတွေနဲ့ ဆုပေါင်း ၃၀ နီးပါး ရွေးချယ် ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013