DVB Logo
Home
မြန်မာသတင်း
ခရစ်ယာန်ဘုန်းတော်ကြီး သတ်ဖြတ်ခံရမှု တရားမျှတမှုရရေး ကာဒီနယ် ချားလ်စ်မောင်ဘို တောင်းဆို
DVB
·
February 18, 2025
ခရစ်ယာန်ဘုန်းတော်ကြီး သတ်ဖြတ်ခံရမှု တရားမျှတမှုရရေး ကာဒီနယ် ချားလ်စ်မောင်ဘို တောင်းဆို
Donate to DVB

မန္တလေးဂိုဏ်းချုပ်သာသနာက ခရစ်ယာန် ဘုန်းတော်ကြီး ဖာသာ ဒေါ်နယ်မာတင် သတ်ဖြတ်ခံရမှုအတွက် တရားမျှတမှုရရှိဖို့  ကက်သလစ်ဂိုဏ်းချုပ် သာသနာပိုင်ဆရာတော် ကာဒီနယ် ချားလ်စ် မောင်ဘိုက တိုက်တွန်းလိုက်ပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ နောင်မှာ ဒီလိုကိစ္စမျိုးတွေ ထပ်ဖြစ်မလာစေဖို့ တောင်းဆိုလိုက်ပါတယ်။

ကာဒီနယ် ချားလ်စ် မောင်ဘိုရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာထဲမှာ "ဖာသာ ဒေါ်နယ် မာတင် ရဲနိုင်ဝင်းနဲ့အတူ မရေမတွက်နိုင်တဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ သွေးနဲ့ စွန့်လွှတ် အနစ်နာခံမှုတွေနဲ့ တနိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေချုပ်ငြိမ်းရေး ပူဇော် သက္ကာအဖြစ် ဆောင်ရွက်ကြပါစို့” လို့ ဖော်ပြပါတယ်။

ဖာသာ ဒေါ်နယ်မာတင်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သတင်းအတွက် အလွန်တုန်လှုပ် ဝမ်းနည်းမိကြောင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဒီကြေကွဲဖွယ်ရာ အတွေ့အကြုံတွေက သင်ခန်းစာယူဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ကာဒီနယ် ချားလ်စ် မောင်ဘိုကတော့ အလေးအနက် မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် ဖာသာ  ဒေါ်နယ်မာတင်အပေါ် ကျူးလွန်ခဲ့တဲ့ အမှားဟာ အလွယ်တကူ မေ့ ပျောက်နိုင်တဲ့ အရာမဟုတ်ကြောင်းလည်း သူက ပြောလိုက်သလို နောင်ကာလတွေမှာ အဲဒီလို ဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့ သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ တရားမျှတမှု ရှိစေရေးတို့ကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိသူတွေကို အလေးအနက် တိုက်တွန်းကြောင်းလည်း ပြောထားပါတယ်။

မန္တလေးဂိုဏ်းချုပ်သာသနာက သက်တော် ၄၄ နှစ်အရွယ် ဖာသာဒေါနယ်မာတင်ဟာ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီလောက်က သတ်ဖြတ်ခံခဲ့ရတာပါ။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အများကြီး ဝမ်းနည်းစိတ်မ ကောင်းဖြစ်ရသလို သတ်ဖြတ်မှု ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ရေးကိုလည်း အပူတပြင်း လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင်တပ်ရင်း ၅ နဲ့ တိုက်နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက သတင်းရတာနဲ့တပြိုင်တည်း ပူးပေါင်းပြီး သံသယတရားခံ ၁၀ ယောက်ကို နေ့တွင်းချင်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလော စုံစမ်းစစ်ဆေးချက်တွေအရ သံသယတရားခံတွေဟာ ဒေသကာကွယ်ရေး အဖွဲ့တဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တာကိုသိရပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်တာကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာနက စစ်ခုံရုံးတင်စစ်ဆေးပြီး တရားဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်သလို လက်ရှိမှာတော့ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်းပြီး စစ်ဆေးနေပြီလို့ ဆိုပါတယ်။

Source: Vatican News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013