DVB Logo
Home
နိုင်ငံတကာ
ကနေဒါလေဆိပ်တွင် ခရီးသည် လေယာဉ် မတော်တဆဖြစ်
DVB
·
February 18, 2025
ကနေဒါလေဆိပ်တွင် ခရီးသည် လေယာဉ် မတော်တဆဖြစ်
Donate to DVB

ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့၊ ပီရာဆန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ  ဒေသအချိန် ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက Delta လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစင်း လေယာဉ် ပြေးလမ်းမှာအဆင်း  ပျက်ကျပြီး ပက်လက်လန်သွားခဲ့ပါတယ်။ 

လေယာဉ်ပေါ်မှာ ခရီးသည် ၇၆ ယောက်နဲ့ လေယာဉ် အမှုထမ်း ၄ ယောက် စုစုပေါင်း အယောက် ၈၀ လောက်လိုက်ပါလာတာဖြစ်ပြီး အနည်းဆုံး ၁၇ ယောက် ဒဏ်ရာရသွားကာ ၃ ယောက်က စိုးရိမ်ရ တယ်လို့ CTV ကနေဒါရုပ်သံသတင်းမှာ  ဖော်ပြပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ မင်နီရာပိုလစ်- စိန့်ပေါလေဆိပ်ကနေ ပျံသန်းလာတဲ့ လေယာဉ်ဟာ ကနေဒါလေဆိပ်ကို အဆင်းမှာ မတော်တဆမှုဖြစ်ခဲ့တာပါ။

နှင်းတွေ ဖုံးလွှမ်းနေတဲ့ လေယာဉ်ကွင်းထဲမှာ ပက်လက်လန်နေတဲ့ လေယာဉ်ထဲကနေ ခရီးသည်တွေကို  မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေက အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒဏ်ရာရသူတွေကိုတော့ ဆေးရုံကို ပို့ဆောင်ထားပါတယ်။

လေယာဉ်မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို လတ်တလော မသိရသေးဘဲ ကနေဒါ သယ်ယူပို့ဆောင်ရေး ဝန်ကြီးကတော့ ဒီမတော်တဆဖြစ်ရပ်နဲ့ ပတ်သက်ပြီး အနီးကပ် လိုက်ပါဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ 

လေယာဉ်မတော်တဆမှုကြောင့် Delta လေကြောင်းလိုင်းလေယာဉ်တွေအပါအဝင် လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းတာနဲ့ နောက်ကျတာတွေ ဖြစ်ခဲ့ရပြီး နောက်ပိုင်းမှာတော့ လေယာဉ် တချို့ ပြန်လည်ပြေးဆွဲနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013