DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်လူသတ်မှု အပြင်းအထန် နာကျင်စေမှုဖြင့် ထောင်ဒဏ်စီရင်
DVB
·
October 28, 2014
တောင်ကုတ်လူသတ်မှု အပြင်းအထန် နာကျင်စေမှုဖြင့် ထောင်ဒဏ်စီရင်
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ  အုပ်စုဖွဲ့သတ်ဖြတ်မှုနဲ့ပတ်သက်လို့ တရားခံ ၇ ဦးကို ရခိုင်ပြည်နယ် သံတွဲခရိုင်တရားရုံးက အောက်တိုဘာလ ၂၄ ရက်နေ့မှာ အပြင်းအထန်နာ ကျင်စေမှုပုဒ်မနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က ခရီးသည်တင်ကားပေါ်ကနေ ဆွဲချပြီး လူအုပ်စုက သတ်ဖြတ်ခဲ့တဲ့ ဒီအမှုကို အခင်းဖြစ်ပြီး တနှစ်အကြာမှာ  နေပြည်တော်ရဲတပ်ဖွဲ့က တိုက်ရိုက်ဖမ်းဆီးပြီးနောက် သံတွဲခရိုင်တရားရုံးက ရုံးတင်တရားစွဲခဲ့တာပါ။

ဒီနောက် သံတွဲခရိုင်တရားရုံးမှာ ၁ နှစ်နီးပါး စစ်ဆေးခဲ့ပြီးနောက် ပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ်မ ၃၄ လူသတ်ရန် လူစုလူဝေးဖြင့် ကြိုတင်ကြံစည်မှုတွေနဲ့ မေလက စွဲချက်တင်ခဲ့ပါတယ်။  တရားခံဘက်က အဲဒီစွဲချက်အမိန့်ကို မကျေနပ်လို့ ပြည်နယ်တရားလွှတ်တော်ကို တက်ပေမ ယ့်လည်း ပယ်ချခံရပြီး ဆက်လက်စစ်ဆေးခဲ့တာပါ။

ဒီနောက် သံတွဲခရိုင်တရားရုံးမှာ ဆက်လက်စစ်ဆေးတဲ့အခါ လူသတ်မှုကနေ အပြင်းအထန်နာကျင်စေမှု ပုဒ်မကို ပြောင်းလဲခဲ့ပြီး အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ်စီရင်ခဲ့တာဖြစ်ပါ တယ်။

တောင်ကုတ်မြို့မှာ မွတ်ဆလင် ၁၀ ဦး အသတ်ခံရမှုနဲ့ပတ်သက်လို့ သမ္မတက ဖွဲ့စည်းပေး တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အဖွဲ့ဝင် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းကို ပုဒ်မပြောင်းလဲ သွားတာနဲ့ပတ်သက်လိုဆက်သွယ်မေးမြန်းရာမှာ သူက အခုလို ပြောပါတယ်။

“ပုဒ်မ ၃၂၅ လို့ သိထားတယ်။ ဥပဒေသမားတွေ သိတယ်ဆိုတာက လူအုပ်စုနဲ့ ဖြစ်တဲ့အခါမှာ ဘယ်သူက ဘယ်သူ့ကို သေအောင်လုပ်တယ်လို့ ကောက်ချက်ချလို့ မရတဲ့အခါမှာ လူအများကြောင့် သေတဲ့နေရာတွေမှာတော့ တရားရုံးတွေက ဒီပုဒ်မနဲ့ အပြစ်ပေးလေ့ရှိပါတယ်။ ပုဒ်မ ၃၀၂ ဆိုတာ ဥပဒေစကားမှာ သာမန်အားဖြင့်လူသတ်မှုလို့ ပြောပါတယ်။ တကယ်တမ်း ဥပဒေအရ အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ လူသတ်မှုလို့ ဖွင့်မထားပါဘူး။ အပြင်အနေနဲ့ နားလည်တာတမျိုးပါ။ လူသတ်တယ်ဆိုတဲ့နေရာမှာ ဘယ်သူက ဘယ်သူ့ကိုသတ်တာလဲ။ တကယ်လို့ လူတယောက်ကို လူငါးယောက်က ၀ိုင်းလုပ်တဲ့အခါမှာ လူတယောက်ကနေ ထင်ထင်ရှားရှား သူ့ကို သေအောင် တုတ် သို့မဟုတ် ဓား လက်နက်နဲ့လုပ်လို့ အဲဒီလူ သေတယ်ဆိုလို့ရှိရင်တော့ ဒါ လူသတ်မှုဖြစ်ပြီးတော့ ကျန်တဲ့သူက အားပေးမှုဖြစ်မှာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ တယောက်တချက်စီ လက်သီးနဲ့ထိုးလို့ သေသွားတဲ့ဟာကို ဘယ်သူ့လက်သီးကြောင့် သေတယ်လို့ ကောက်ချက်မချနိုင်ရင် အားလုံးစုပေါင်းပြီးတော့ လုပ်တဲ့၊ ဖြစ်တဲ့ ဒဏ်ရာကြောင့် သေဆုံးတယ်ဆိုရင် definitely murder case (လုံးဝ လူသတ်မှု) လို့ ကျနော်တို့က မသုံးသပ်ဘူး။ ဥပဒေမှာ။”

တောင်ကုတ် လူသတ်မှုဟာ ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့မှာ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသခံ မသီတာထွေး အဓမ္မကျင့်၊ ပစ္စည်းလု၊ သတ်ဖြတ်ခံရပြီးနောက် နောက်ဆက်တွဲဖြစ်ပွားခဲ့တာပါ။

အခင်းဖြစ်ပြီး ၁ နှစ်ကျော်အကြာ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ညမှာ နေပြည်တော်ရဲက တိုက်ရိုက်ကွပ်ကဲပြီး  သံသယရှိသူ ခြောက်ဦးကို တောင်ကုတ်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။ မကြာခင်မှာ နောက်တဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ရုံးတင်တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒီသတ်ဖြတ်မှု ဖြစ်ပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်း နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး လူပေါင်း ၁ သိန်း ၄ သောင်းကျော် ဒုက္ခသည်ဖြစ်နေကြသလို  ကျန်တိုင်းနဲ့ပြည်နယ် မြို့နယ်တချို့ကိုပါ ပုံစံတူအကြမ်းဖက်မှုတွေ ကူးစက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013