DVB Logo
Home
အားကစား
လီဗာပူး နောက်ခံလူ ကိုနာတေး အနီကတ်ပြသခံရသင့်ဟု ဝုဗ်နည်းပြပြော 
DVB
·
February 17, 2025
လီဗာပူး နောက်ခံလူ ကိုနာတေး အနီကတ်ပြသခံရသင့်ဟု ဝုဗ်နည်းပြပြော 
Donate to DVB

လီဗာပူးကို ၂ ဂိုး ၁ ဂိုးနဲ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နောက်ခံလူ ကိုနာတေး အနီကတ် ပြသခံရသင့်တယ်လို့ ဝုဗ်နည်းပြ ဗစ်တာပါရဲယားက ပြောသွားပါတယ်။

လီဗာပူး ဗဟိုခံစစ်မှူးဟာ ပထမပိုင်းပွဲချိန် ၃၁ မိနစ်မှာ  ဝုဗ်တိုက်စစ်မှူး ကူညာကို ပြစ်ဒဏ်ဘော နှစ်ကြိမ် ဆက်တိုက်ကျူးလွန်ခဲ့ပေမဲ့ ဒုတိယအကြိမ် ကျူးလွန်မှုမှာ အဝါကတ်ပြသပြီး ထုတ်ပယ်ခံရသင့်ကြောင်း၊ အဲဒီဆုံးဖြတ်ချက်က ပွဲရဲ့ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း ဝုဗ်နည်းပြ ပါရဲယားက ပြောပါတယ်။

ပွဲပြီးဆုံးချိန်ရောက်မှ ရလဒ်ပိုင်းပြောင်းလဲမှာ မဟုတ်တော့ပေမဲ့ ကိုနာတေးကို ဒုတိယအကြိမ် အဝါကတ် ပြသပြီး ထုတ်ပယ်သင့်တယ်ဆိုတာ မှန်ကန်ကြောင်း နည်းပြပါရဲယားက ပြောပါတယ်။

ဒုတိယပိုင်းစစချင်းမှာပဲ ကိုနာတေးကို လီဗာပူးအသင်းက လူစားလဲခဲ့ပြီး နောက်ထပ် အဝါကတ် ပြသခံရကာ ထုတ်ပယ်ခံရမှာ စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ နည်းပြ အာနဲစလော့က ဝန်ခံပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013