DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးသေဆုံးမှု မန္တလေး ဆန္ဒပြသူအချို့ကို ရဲစခန်းခေါ်ယူ
DVB
·
October 28, 2014
ကိုပါကြီးသေဆုံးမှု မန္တလေး ဆန္ဒပြသူအချို့ကို ရဲစခန်းခေါ်ယူ
Donate to DVB

အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံရတဲ့အပေါ် မန္တလေးမှာ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့ ကိုသိန်းအောင်မြင့်ကို ရဲစခန်းက လာရောက်ဖို့ ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ သူက ပြောပါတယ်။

10590490_791064527598716_8863345508145355468_nအောင်မြေသာဇံမြို့နယ် ရဲစခန်းကဆိုပြီး နေလယ် ၁၂ နာရီလောက်က ဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်မေးတော့ သူတို့မဖြေဘူး၊ ကျနော်နဲ့ ဆွေးနွေးချင်လို့ပါ၊ လာခဲ့ပါလို့ ပြောတယ်၊ ကျနော်တို့ ကတိပေးပါတယ်။ ဘာမှ မဖြစ်စေရပါဘူးဆိုပြီးတော့ ဒုရဲမှူး သိန်းဆောင်က ကျနော်ဆီ လှမ်းဖုန်းဆက်တာပဲခင်ဗျာ” လို့ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

ကိုပါကြီးသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ပေးဖို့ နိုင်ငံရေး အင်အားစုတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက အောက်တိုဘာ ၂၇ ရက်နေ့က ခွင့်ပြုချက်တင်ပေမယ့် မရတဲ့အတွက် ခွင့်ပြုချက်မပါဘဲ  မန္တလေးမှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

အလားတူ ရန်ကုန်မှာ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့သူတွေထဲက တချို့ကိုလည်း တရားစွဲမှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013