
ဗင်နီဆီးယက်စ်ရဲ့ အပြောင်းအရွှေ့သတင်းတွေအပေါ် စိုးရိမ်းစရာမရှိကြောင်း ရီးရဲလ်မက်ဒရစ် နည်းပြ ကားလို့စ်အန်စလော့တီက ပြောသွားပါတယ်။
ဘရာဇီးတိုက်စစ်ကစားသမားဟာ အခုနှစ် ရာသီအကုန်မှာ ဆော်ဒီကလပ်တွေဆီပြောင်းရွှေ့နိုင်ပြီး ဆော်ဒီပရိုလိဂ်ဒုတိယဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းထွက်ပေါ်နေတာပါ။
နည်းပြအန်စလော့တီကတော့ ဗင်နီဆီးယက်စ်ရဲ့ အပြောင်း အရွှေ့သတင်းတွေကို ရှင်းလင်းရတာ မောပန်းနေပြီဖြစ်ပြီး စိုးရိမ်စရာမရှိတဲ့အကြောင်း ပြောပါတယ်။
ကစားသမားဖြစ်သူဟာလည်း ရီးရဲလ်မက်ဒရစ်နဲ့အတူ သမိုင်းသစ်ရေးထိုးသွားလိုတဲ့ဆန္ဒရှိပြီး အသင်းမှာလည်း ပျော်ရွှင်နေကြောင်း၊ အပြောင်းအရွှေ့ ကောလာဟလတွေကို ဒီလိုနေရာမှာ ရှင်းလင်းဖို့ မသင့်တော်ကြောင်း အန်စလော့တီက ပြောသွားပါတယ်။
Photo-Reuters