DVB Logo
Home
Lead Story
မသေချင်ရင် ၀န်ခံလိုက်ဆိုလို့ ကြောက်လို့ဝန်ခံရပါတယ် - မေးမြန်းချက်
DVB
·
October 28, 2014
မသေချင်ရင် ၀န်ခံလိုက်ဆိုလို့ ကြောက်လို့ဝန်ခံရပါတယ် - မေးမြန်းချက်
Donate to DVB

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ လူသတ်မှု၊ မုဒိမ်းမှု သံသယနဲ့ ချုပ်နှောင်ဖမ်းခံထားတဲ့ မြန်မာလူငယ်နှစ်ဦးက သူတို့အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အတွက် တကယ်မလုပ်ဘဲ ၀န်ခံခဲ့တယ်ဆိုတာကို မိဘတွေနဲ့တွေ့တဲ့အချိန်မှာ ပြောဆိုခဲ့ပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းမှာ စက်တင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူသတ်မှု၊ မုဒိမ်းမှု သံသယနဲ့ ကော့စမွီအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို သူတို့ရဲ့ မိဘတွေက အောက်တိုဘာ ၂၄ ရက်နေ့က ၁ နာရီကျော်ကြာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ မြန်မာသံရုံးရဲ့ အထူးကိုယ်စားလှယ်အဖွဲ့၊ ထိုင်းရှေ့နေများကောင်စီက အဖွဲ့ဝင်တွေအပါအ၀င် (၉) ဦးနဲ့ ထိုင်းအာဏာပိုင်တွေက တွေ့ခွင့်ပြုခဲ့ပါတယ်။

တွေ့ဆုံပြီးတဲ့နောက် ကိုဝင်းဇော်ထွန်းရဲ့ ဖခင် ဦးထွန်းထွန်းထိုက်၊ မိခင် ဒေါ်မေသိန်း၊ ကိုဇော်လင်းရဲ့မိခင် ဒေါ်ဖြူရွှေနု၊ ဦးလေး ဦးသိန်းရွှေအောင်တို့ လေးဦးကိုကိုယ်တိုင်သတင်းလိုက်ပါရယူတဲ့ ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။

http://www.youtube.com/watch?v=yB8N1jhxRC0&feature=youtu.be

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013