DVB Logo
Home
နိုင်ငံတကာ
ရုရှားက  ဥရောပတတိုက်လုံးထက် ကာကွယ်ရေးအသုံးစရိတ် ပိုသုံးနေ
DVB
·
February 13, 2025
ရုရှားက  ဥရောပတတိုက်လုံးထက် ကာကွယ်ရေးအသုံးစရိတ် ပိုသုံးနေ
Donate to DVB

ရုရှားဟာ ပြီးခဲ့တဲ့နှစ်အတွင်း တင့်ကားအစီးရေ ၁,၄၀၀ ဆုံးရှုံးခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်ကလည်း ဥရောပနိုင်ငံ အားလုံးပေါင်းက သုံးတာထက် ကျော်လွန်ခဲ့တယ်လို့ ထိပ်တန်းလုံခြုံရေး သုတေသန အဖွဲ့အစည်းတခုက ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားကာကွယ်ရေးအသုံးစရိတ်ဟာ ဝယ်လိုအား ပါဝါ တန်းတူညီမျှမှုအတွက် ဒေါ်လာ ၄၆၂ ဘီလီယံနီးပါး ရှိတယ်လို့ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးသိပ္ပံ (IISS) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဘတ်စ်တျံ ဂီးဂါရစ်ချ်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

IISS ကိန်းဂဏန်းတွေအရ ရုရှားတပ်ဖွဲ့တွေဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို ကျူးကျော် ဝင်ရောက်ပြီးတဲ့နောက် ပင်မတိုက်ပွဲဝင် တင့်ကား ၄,၄၀၀ ဆုံးရှုံးခဲ့ပါတယ်။

၁၉၆၀ ပြည့်လွန် ခုနှစ်တွေကတည်းက သိုလှောင်ထားတဲ့ သံချပ်ကာကားတွေကို စုဆောင်းထားလို့ အရည်အသွေးထက် အရေအတွက် များနေတာကို ပြသခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် အစိုးရရဲ့ ပဓာနရည်ရွယ်ချက် ဖြစ်လာပြီး တင်းမာတဲ့ ပြည်တွင်းတည်ငြိမ်မှု၊ တင်းမာစေတဲ့ အနောက်နိုင်ငံတွေရဲ့ စိတ်ပိုင်းဖြတ်မှုတွေ မဖြစ်လာတာ သေချာစေဖို့ အရှိန်အဟုန်နဲ့ အတိုင်းအတာကို ထိန်းညှိနေတယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013