
ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ စည်းကမ်းချက် အားလုံးကို ပြေလည်အောင် ဖြေရှင်းရမယ်လို့ အမေရိကန်နဲ့ ဆက်ဆံရေး၊ လက်နက်ထိန်းချုပ်ရေးတို့ကို ကြီးကြပ်တဲ့ ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆာဂျေး ရီယပ်ဘ်ကာ့ဗ်က ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောပါတယ်။
ဇွန် ၁၄ ရက်က ပူတင်ဟာ စစ်ပွဲကို ချက်ချင်းအဆုံးသတ်ရေးအတွက် သူ့ရဲ့ စည်းကမ်းချက်တွေကို ချမှတ်ခဲ့ပါတယ်။
ယူကရိန်းဟာ NATO အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး ရုရှားက ထိန်းချုပ်ထားတဲ့ ယူကရိန်းနယ်မြေ ၄ ခုပါတဲ့ နယ်မြေတခုလုံးကနေ ယူကရိန်းတပ်တွေကို ရုပ်သိမ်းရမယ်လို့ ပူတင်ရဲ့ စည်းကမ်းချက်က သတ်မှတ်ထားပါတယ်။
ပူတင်ရဲ့စည်းကမ်းချက် အားလုံးကို ဖြည့်ဆည်းဖို့ လိုအပ်တယ်ဆိုတာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိုစောစော နားလည်သဘောပေါက်လာလေလေ ယူကရိန်းမှာ ပြန်လည်နေရာချထားရေးက မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်လေပဲလို့ ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
Source : Reuters










