ရုရှားနဲ့ တရုတ်နိုင်ငံတို့ကြား အလေးအနက်ထားတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံဆိုင်ရာ သဘောတူညီချက်တရပ်ရဖို့ နီးကပ်လာပြီလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က မေ ၉ ရက်မှာ ပြောလိုက်ပါတယ်။
ပူတင်က အနာဂတ်သဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်မပြောပေမဲ့ မေလကုန်မှာ စီစဉ်ထားတဲ့ တရုတ်နိုင်ငံဆီ ခရီးစဉ်အတွင်း အပြီးသတ်နိုင်မယ်လို့ ပြောပါတယ်။
ပူတင်က “ကျနော် မြင်တဲ့အတိုင်း၊ ကျနော်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောပြတဲ့အတိုင်း အဓိကကိစ္စရပ်အားလုံးနီးပါးကို သဘောတူညီမှု ရပြီးပါပြီ။ တရုတ်နိုင်ငံဆီ ခရီးစဉ်အတွင်း အပြီးသတ်ထိတွေ့မှုလုပ်နိုင်မယ်ဆိုရင် ကျနော် အရမ်းကျေနပ်မိမှာပါ”လို့ ပြောပါတယ်။










