DVB Logo
Home
အားကစား
အက်ဖ်အေဖလား ပဉ္စမအဆင့်တွင် လက်ရှိချန်ပီယံ မန်ယူအသင်း ဖူဟမ်နှင့် တွေ့ဆုံ
DVB
·
February 11, 2025
အက်ဖ်အေဖလား ပဉ္စမအဆင့်တွင် လက်ရှိချန်ပီယံ မန်ယူအသင်း ဖူဟမ်နှင့် တွေ့ဆုံ
Donate to DVB

အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းက ဖူဟမ်အသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပဉ္စမအဆင့်မှာ စုစုပေါင်း ၁၆ သင်းသာကျန်ရှိတော့ပြီး ထိပ်တန်းအသင်းတွေထဲက မန်ယူ၊ မန်စီးတီး၊ နယူးကာဆယ်အသင်းတွေလောက်ပဲကျန်ရှိတော့တာပါ။ မန်ယူနဲ့ ရင်ဆိုင်ရမယ့် ဖူဟမ်အသင်းဟာ စတုတ္ထအဆင့်မှာတုန်းက ဝီဂန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်လာခဲ့တာပါ။

မန်စီးတီးက လီဗာပူးကို ကျော်ဖြတ်အနိုင်ယူခဲ့တဲ့ ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်နဲ့ တွေ့ဆုံနေပြီး အာဆင်နယ်ကို ကျော်ဖြတ်လာတဲ့ နယူးကာဆယ်အသင်းက ချဲလ်ဆီးကို အနိုင်ယူလာတဲ့ ဘရိုက်တန်နဲ့ တွေ့ဆုံပါတယ်။

တခြားပွဲစဉ်တွေမှာ ဘုန်းမောက်နဲ့ ဝုဗ်၊ အက်စတန်ဗီလာနဲ့ ကာဒစ်စီးတီး၊ ခရစ္စတယ်ပဲလေ့နဲ့ မီဝေါလ်၊ အိတ်ချ်တာနဲ့နော်တင်ဟမ်ပွဲကအနိုင်ရတဲ့အသင်းနဲ့ အစ်ဆွစ်၊ ပရက်စ်တန်နဲ့ ဘန်လေတို တွေ့ဆုံခဲ့ပါတယ်။

အက်ဖ်အေဖလား ၁၆ သင်းအဆင့်ပွဲစဉ်တွေကို လာမယ့် မတ်လဆန်းပိုင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013