DVB Logo
Home
အားကစား
အမေရိကန်စူပါဘောလ်တွင် အီးဂဲလ်စ်က ချိဖ်စ်အသင်းကို အနိုင်ယူပြီး ဒုတိယအကြိမ်ဗိုလ်စွဲ
DVB
·
February 10, 2025
အမေရိကန်စူပါဘောလ်တွင် အီးဂဲလ်စ်က ချိဖ်စ်အသင်းကို အနိုင်ယူပြီး ဒုတိယအကြိမ်ဗိုလ်စွဲ
Donate to DVB

ကမ္ဘာ့အကြီးဆုံး အားကစားပွဲတွေထဲက တခုဖြစ်တဲ့ စူပါဘောလ် (Super Bowl) ဗိုလ်လုပွဲစဉ်မှာ ဖီလာဒဲလ်ဖီးယား အီးဂဲလ်စ် (Philadelphia Eagles) အသင်းက ကန်းဆက်စ်စီးတီး ချိဖ်စ် (Kansas City Chiefs) အသင်းကို အနိုင်ရပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။

အမေရိကန်ဘောလုံး အားကစားနည်းရဲ့ အထွတ်အထိပ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ ချိဖ်စ်အသင်းကို အီးဂဲလ်စ်တွေက ၄၀-၂၂ မှတ်ရလဒ်နဲ့ အနိုင်ယူခဲ့တာပါ။

နယူးအော်လင်းစ်မြို့မှာ ကျင်းပသွားတဲ့ ဒီပွဲစဉ်အတွင်း ချိဖ်စ်အသင်းရဲ့ ရှုံးနိမ့်မှုကြောင့် ၃ ကြိမ်ဆက် ချန်ပီယံဖြစ်လာမယ့် အခွင့်အရေးနဲ့လည်း လွဲချော်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း အီးဂဲလ်စ်အသင်းရဲ့ ခံစစ်ကစားပုံက ဒီနှစ်ရာသီအတွက် အကောင်းဆုံးဖြစ်တယ် ဆိုတာကို သက်သေပြနိုင်ခဲ့သလို ပွဲစဉ်တလျှောက်လုံးမှာလည်း လွှမ်းမိုးနိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်အတွင်း စူပါဘောလ် ဖိုင်နယ်ကို ၅ ကြိမ်အထိ တက်ရောက်နိုင်ခဲ့တဲ့ ချိဖ်စ် အသင်းကသာ အနိုင်ရမယ်ဆိုပြီး ခန့်မှန်းခဲ့ကြတာပါ။

ဒါဟာ အီးဂဲလ်စ်အတွက် ၂၀၂၃ ခုနှစ်တုန်းက ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်တဲ့အပြင် ဒုတိယအကြိမ်မြောက် စူပါဘောလ် ချန်ပီယံအဖြစ်ပါ ရပ်တည်နိုင်ခဲ့ပါတယ်။

ကမ္ဘာတဝန်းက ပရိသတ်ဦးရေ သန်း ၂၀ ကျော် စောင့်ကြည့်ခဲ့ကြတဲ့ ဖိုင်နယ်ပွဲစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အပါအဝင် ဟောလိဝုဒ်ရဲ့ ထိပ်တန်းအနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အဲဒီနောက် ဟစ်ဟော့ပ်အဆိုတော် ကန်းဒရစ်ခ် လမား (Kendrick Lamar) က ပြိုင်ဘက်ရက်ပ်ပါ ဒရိတ်ခ် (Drake) ကို သရော်ထားတဲ့ “Not Like Us” သီချင်းနဲ့ ပွဲတဝက်ရပ်နားချိန်မှာ အကောင်းဆုံး ဖျော်ဖြေသွားပါတယ်။

ဂရမ်မီ ၅ ဆု ပူပူနွေးနွေး ရရှိထားတဲ့ ကန်းဒရစ်ခ်ရဲ့ မိနစ် ၂၀ ကြာ ဖျော်ဖြေမှုအတွင်း နာမည်ကြီးသီချင်း ၁၁ ပုဒ်အထိ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် နာမည်ကြီး ပေါ့ပ်အဆိုတော်တွေ ဖြစ်ကြတဲ့ လေဒီဂါဂါက မမျှော်လင့်ဘဲ ပါဝင်တင်ဆက်ခဲ့သလို တေလာဆွစ်ဖ် ကိုလည်း ပွဲတက်ရောက်လာတာ တွေ့ရပါတယ်။

အဲဒီပွဲစဉ် တက်ရောက်လာတဲ့ ပရိသတ်စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ အီးဂဲလ်စ် အသင်းအပေါ်  အားပေးသူတွေဖြစ်ပြီး တေလာဆွစ်ဖ်ရဲ့ ချစ်သူ ထရားဗစ် ကယ်လ်ဆီ (Travis Kelce) ကလည်း ချိဖ်စ် အသင်း ကစားသမားဖြစ်တဲ့အလျောက် လှောင်ပြောင်မှုတွေကို ရင်ဆိုင်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013