DVB Logo
Home
မြန်မာသတင်း
ခွေးကို ပင်လယ်ထဲ အကြိမ်ကြိမ်ပစ်ချသည့် မြန်မာလူငယ် ၁ ဦး ထိုင်းမှ နှင်ထုတ်ခံရမည်
DVB
·
February 10, 2025
ခွေးကို ပင်လယ်ထဲ အကြိမ်ကြိမ်ပစ်ချသည့် မြန်မာလူငယ် ၁ ဦး ထိုင်းမှ နှင်ထုတ်ခံရမည်
Donate to DVB

ထိုင်းနိုင်ငံမှာ ခွေးတကောင်ကို ပင်လယ်ထဲ အကြိမ်ကြိမ်ပစ်ချခဲ့တဲ့  မြန်မာနိုင်ငံသား လူငယ်တယောက်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက နှင်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ 

အသက် ၁၉ နှစ်အရွယ်  သီဟအောင်ဟာ ခွေးတကောင်ကို ပင်လယ်ထဲ အကြိမ်ကြိမ် ပစ်ချနေတဲ့ ဗီဒီယိုဖိုင် ပျံ့နှံ့သွားပြီးနောက် အမှုဖွင့် အရေးယူခံရတာ ဖြစ်ပါတယ်။ 

လူဝင်မှုကြီးကြပ်ရေးဗျူရိုရဲ့ ဒုတိယကော်မရှင်နာ ပန်သနာ နွတ်ချနာ့က ခွေးတကောင်ကို ပင်လယ်ထဲ​ အကြိမ်ကြိမ်ပစ်ချတဲ့ ဗီဒီယိုဖိုင်ထဲက ကျူးလွန်သူကို လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ရှာဖွေနေခဲ့တာလို့ ပြောပါတယ်။

ဒီဗီဒီယိုဟာ တိရစ္ဆာန်ညှဉ်းပန်းမှုကို ပြသနေပြီး၊ ကြည့်ရှုသူတွေကို  စိတ်ထိခိုက်စေခဲ့တယ်လို့ မှတ်ချက်ပေးပါတယ်။  

သီဟအောင်ဟာ Watchdog Thailand ဖောင်ဒေးရှင်းရဲ့ ကိုယ်စားလှယ်နဲ့အတူ ဖေဖော်ဝါရီ ၈ ရက်နေ့က  စမွတ်ပရာကန် ရဲစခန်းမှာ  လာရောက်အဖမ်းခံခဲ့ပါတယ်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းက ချွမ်ဖွန်ခရိုင်က ကမ်းခြေတခုမှာ သူငယ်ချင်းတယောက်နဲ့ သောက်စားနေချိန်မှာ ခွေးတကောင်ကို ဖမ်းပြီး ပင်လယ်ထဲ အကြိမ်ကြိမ် ပစ်ချခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ 

နောက်ပိုင်းမှာ သူငယ်ချင်းနဲ့ မတည့်တော့တာကြောင့် အဲဒီသူငယ်ချင်းက ဗီဒီယိုကို အွန်လိုင်းပေါ်တင်ခဲ့တယ်လို့ သံသယရှိကြောင်း ပြောပါတယ်။ 

ဗီဒီယိုပျံ့နှံ့သွားပြီးနောက် သူဟာ Watchdog Thailand ဖောင်ဒေးရှင်းကို ဆက်သွယ်ပြီး တောင်းပန်လိုကြောင်း ပြောကြားခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဗျူရိုက သီဟအောင်ကို ချွမ်ဖွန်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားပြီး တိရစ္ဆာန်ညှဉ်းပန်းမှုနဲ့ တရားစွဲဆိုအရေးယူပြီးမှ  နိုင်ငံပြင်ပ နှင်ထုတ်သွားမယ်လို့ သိရပါတယ်

Source: Bangkokpost

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013