DVB Logo
Home
နိုင်ငံတကာ
ဂျပန်ဝန်ကြီးချုပ် ‘ထရမ့်ပ်ဖတ်စာ’ ကျေညက်ဟု ချီးကျူးခံရ
DVB
·
February 10, 2025
ဂျပန်ဝန်ကြီးချုပ် ‘ထရမ့်ပ်ဖတ်စာ’ ကျေညက်ဟု ချီးကျူးခံရ
Donate to DVB

ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှီဘာဟာ သမ္မတထရမ့်ပ်နဲ့ တွေ့ဆုံဖို့အတွက် သာမန်မဟုတ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး "ထရမ့်ပ်ဖတ်စာ" ကျေညက်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ချီးကျူးခဲ့ကြတယ်လို့ ဘီဘီစီသတင်းမှာ သုံးသပ်ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ရုံးမှာ "ထရမ့်လေ့လာရေး အစည်းအဝေးတွေ" ကျင်းပခဲ့ပြီး၊ ယခင်ဝန်ကြီးချုပ် ကီရှီဒါဆီကနေ အကြံဉာဏ်တွေ တောင်းခံခဲ့ပါတယ်။

အထူးသဖြင့် ထရမ့်ပ်နဲ့ ရင်းနှီးခဲ့တဲ့ ယခင်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဇနီးဆီကလည်း အကြံတွေ ရယူခဲ့ပါတယ်။

ဖေဖော်ဝါရီ ၇ ရက် တွေ့ဆုံပွဲအပြီးမှာ အီရှီဘာက "တီဗီထဲမှာတော့ သူက တော်တော် ကြောက်စရာ ကောင်းပေမယ့် လက်တွေ့တွေ့တော့ ရိုးသားပြီး သန်မာတဲ့ စိတ်ဓာတ်ရှိသူတယောက်ပါ"လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီလို ပြင်ဆင်မှုတွေကြောင့် တွေ့ဆုံဆွေးနွေးပွဲမှာ ထင်သလောက် အခက်အခဲမရှိခဲ့ပါဘူး။ ထရမ့်ပ်က နစ်ပွန်သံမဏိကို နစ်ဆန်လို့ မှားခေါ်မိတာကလွဲရင် တခြားထူးခြားတဲ့ ဖြစ်ရပ်တွေ မရှိခဲ့ပါဘူး။

နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ဂျက်ဖရီ ဟောလ်က "အီရှီဘာဟာ ထရမ့်ပ်ရဲ့ စိတ်ကြိုက်ဖြစ်အောင် ချောမွေ့စွာ ဆက်ဆံနိုင်ခဲ့ပြီး၊ ရင်ဆိုင်တိုက်ခိုက်တာထက် စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ ကမ်းလှမ်းတဲ့နည်းလမ်းကို ရွေးချယ်ခဲ့တယ်" လို့ သုံးသပ်ပါတယ်။

တွေ့ဆုံမှုရလဒ်အနေနဲ့ ဂျပန်က အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ တစ်ထရီလီယံအထိ တိုးမြှင့်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်ကားကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့နဲ့ အမေရိကန်က သဘာဝဓာတ်ငွေ့ တင်သွင်းမှု တိုးမြှင့်ဖို့လည်း သဘောတူခဲ့ကြပါတယ်။ 

ဂျပန်နိုင်ငံဟာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက အမေရိကန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်နေပြီး၊ အလုပ်အကိုင်ထောင်ပေါင်းများစွာ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်စစ်တပ်ဝင်ထမ်း ၅၄,၀၀၀ ကျော်ကိုလည်း ဂျပန်မှာ လက်ခံထားပါတယ်။ 

ဒါပေမဲ့  ဂျပန်အနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးမှာ ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။ တရုတ်ဟာ ဂျပန်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သလို၊ ဂျပန်ကုမ္ပဏီတွေရဲ့ အဓိက ရင်းနှီးမြှုပ်နှံရာ နိုင်ငံလည်း ဖြစ်နေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013