DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံတွင် ဖမ်းဆီးခံရသူ အယောက် ၅၀ ကျော် ရခိုင်ရှေ့တန်းသို့ပို့ခံရ
DVB
·
February 9, 2025
ဖယ်ခုံတွင် ဖမ်းဆီးခံရသူ အယောက် ၅၀ ကျော် ရခိုင်ရှေ့တန်းသို့ပို့ခံရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ကနေ စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့ ဒေသခံအယောက် ၁၀၀ လောက်ထဲက ၅၀ ကျော်ကို ရခိုင်က ရှေ့တန်းစစ်မျက်နှာပြင်ဆီ ပို့ခံရတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီလူတွေထဲမှာ ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာနဲ့ ဖယ်ခုံမြို့နယ် ပူချယ်ရွာ၊ ရွှေပြည်အေးရွာနဲ့ မိုးဗြဲမြို့ စတဲ့နေရာတွေက ဒေသခံတွေ အများဆုံးပါဝင်ပြီး ကျန်တဲ့သူတွေကတော့ ဘယ်နေရာကို ရောက်နေမှန်း မသိရဘူးလို့ ဆိုပါတယ်။

မိသားစုနဲ့နီးစပ်သူတယောက်က “အရင်ဆုံး သူတို့ကို ပင်လောင်းက ပအိုဝ်းရွာမှာ သင်တန်းတက်ခိုင်းသေးတယ်။ ပြီးတော့ ရခိုင်ကို ပို့လိုက်တာ၊ ဒါပေမဲ့ လမ်းမှာ လူခွဲ ခွဲပြီးထားခဲ့တာ။ နေရာတွေ ချိန်းတာပေါ့။ ပြေးရင် နေရာတွေ မရင်းနှီးအောင်လို့ပေါ့” လို့ ပြောပါတယ်။

ဖယ်ခုံ ပူချယ်ရွာအနီးမှာ တောင်ယာရိတ်သိမ်းနေတဲ့ အမျိုးသမီးတွေ အပါအဝင် ကျေးရွာဒေသခံ အယောက် ၂၀၀ ကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ဖမ်းဆီးပြီး အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးခဲ့ပေမဲ့ အမျိုးသား အယောက် ၁၀၀ လောက်ကို ပင်လောင်းက လေ့ကျင့်ရေးကျောင်းမှာ စစ်သင်တန်း တလတက်ခိုင်းခဲ့တာပါ။

စစ်သင်တန်းတက်ခိုင်းပြီးတဲ့နောက် နယ်မြေဒေသကျွမ်းကျင်မှုမရှိတဲ့ ဒေသတွေကို ပို့ပြီး စစ်မျက်နှာပြင်တွေမှာ လူသားဒိုင်းအနေနဲ့ အသုံးပြုတာတွေ၊ ရှေ့တန်းမတက်ချင်သူတွေကို ဖိအားပေးခြိမ်းခြောက်ပြီး သတ်ဖြတ်တာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ကျူးလွန်နေတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေဆီကတဆင့် သိရပါတယ်။

စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေထုတ်ပြီး ပေါ်တာဆွဲတာ၊ နာမည်စာရင်းနဲ့တကွ လာရောက်ခေါ်ဆောင်သွားတာတွေ ပြုလုပ်နေတာဟာ အပတ်စဉ် ၉ အထိရှိလာပြီး ငွေကြေးတတ်နိုင်သူတွေကိုတော့ ငွေနဲ့ ပြန်ရွေးခိုင်းတာတွေလည်း ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013