DVB Logo
Home
နိုင်ငံတကာ
ICC အပေါ်  အရေးယူပိတ်ဆို့ရန် ဒေါ်နယ်ထရမ့်ပ်အမိန့်ထုတ် 
DVB
·
February 7, 2025
ICC အပေါ်  အရေးယူပိတ်ဆို့ရန် ဒေါ်နယ်ထရမ့်ပ်အမိန့်ထုတ် 
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) အပေါ် အရေးယူဒဏ်ခတ်မယ့် အမိန့်ထုတ်ပြန်ချက်ကို ဇန်နဝါရီ ၇ ရက်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒါဟာ ICC က “အမေရိကန်နဲ့ အစ္စရေးကို တရားမဝင် အခြေအမြစ်မရှိတဲ့ လုပ်ရပ်တွေနဲ့ ပစ်မှတ်ထားခဲ့တာကြောင့်” လို့ ဖော်ပြထားပါတယ်။

အဲဒီအမိန့်အရ အမေရိကန် အပါအဝင် မဟာမိတ်နိုင်ငံသားတွေအပေါ် ICC ရဲ့  စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ကူညီပေးခဲ့တဲ့ လူတယောက်ချင်းစီနဲ့ မိသားစုတွေအပေါ် ငွေကြေးနဲ့ ဗီဇာဆိုင်ရာ ကန့်သတ်ချက်တွေ ရှိလာမှာဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့  ဝါရှင်တန်ခရီးစဉ်အတိုင်း ဆက်သွားနေချိန်မှာပဲ ထရမ့်ပ်က ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တရပ်ကို လက်မှတ်ထိုးခဲ့တာပါ။

အဲဒီနောက် နေတန်ယာဟုဟာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် ပါတီနှစ်ခုစလုံးက ဥပဒေပြုအမတ်တွေကို လွှတ်တော်အဆောက်အအုံမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဂါဇာဒေသမှာ “စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ICC က နေတန်ယာဟုကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

ICC ဖမ်း၀ရမ်းထဲမှာ ဟားမတ်စ်တပ်မှူးလည်း ပါဝင်နေတာကြောင့် အစ္စရေးဘက်က စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့သလို “အရှက်ရဖွယ်တန်းညှိမှု” ဖြစ်တယ်လို့လည်း အိမ်ဖြူတော်က တုံ့ပြန်ခဲ့ပါတယ်။

ဥရောပနိုင်ငံ အများအပြားနဲ့ နိုင်ငံပေါင်း ၁၂၀ ကျော်ဟာ ICC အဖွဲ့ဝင်အဖြစ် ရှိနေပေမဲ့လည်း အမေရိကန်နဲ့ အစ္စရေးတော့ ပါဝင်ခြင်းမရှိပါဘူး။

အမေရိကန်နိုင်ငံက အဖွဲ့ဝင်မဟုတ်တဲ့အလျောက် အစိုးရတာဝန်ရှိသူတွေနဲ့ နိုင်ငံသားတွေအပေါ် ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို အကြိမ်ကြိမ် ငြင်းဆန်လေ့ရှိပါတယ်။

ဒါ့အပြင် ICC က အီရန်နဲ့ ဂျူးဆန့်ကျင်ရေးအဖွဲ့တွေကို အရေးမယူဘဲ လျစ်လျူရှုထားပေမဲ့ အစ္စရေးရဲ့ ခုခံကာကွယ်ပိုင်ခွင့်အပေါ်မှာတော့ ဖိအားပေး ကန့်သတ်နေတယ်လို့ အိမ်ဖြူတော်က ဝေဖန်ခဲ့ပါတယ်။

ထရမ့်ပ်ရဲ့  အမိန့်ထုတ်ပြန်ချက်ထဲမှာလည်း အမေရိကန်နဲ့ အစ္စရေး “နှစ်နိုင်ငံစလုံးဟာ စစ်ဥပဒေတွေအပေါ် တင်းတင်းကျပ်ကျပ် လိုက်နာမှုရှိသလို ဖွံ့ဖြိုးတိုးတက်ပြီးသား ဒီမိုကရေစီ နိုင်ငံတွေလည်း ဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။ အဲဒီနောက် နေတန်ယာဟုက ထရမ့်ပ်အတွက် ရွှေပေဂျာတခုကို လက်ဆောင်ပေးခဲ့ပါတယ်။

အဲဒီလက်ဆောင်ဟာ စက်တင်ဘာလတုန်းက ဆက်သွယ်ရေး ပေဂျာတွေမှာ ဖောက်ခွဲရေးပစ္စည်း ထည့်သွင်းပြီး ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

လက်ဘနွန် အာဏာပိုင်တွေရဲ့  ထုတ်ပြန်ချက်အရ အဲဒီတိုက်ခိုက်မှုအတွင်း လူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူလည်း ထောင်နဲ့ချီတယ်လို့ သိရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013