DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင်  စစ်တပ်က လူငယ် ၂၀၀ ခန့်ကို ပေါ်တာဆွဲ
DVB
·
February 7, 2025
ကလေးမြို့တွင်  စစ်တပ်က လူငယ် ၂၀၀ ခန့်ကို ပေါ်တာဆွဲ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၄ ခုအတွက် လူငယ် ၂၀၀ လောက်ကို ပေါ်တာဆွဲခဲ့တယ်လို့ ဖေဖော်ဝါရီ ၆ ရက်‌က ကလေးမြို့ လူထုသပိတ် ဦးဆောင်ကော်မတီရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၆ အတွက် လူငယ် ၄၅ ယောက်၊ အပတ်စဉ် ၇ အတွက် အယောက် ၅၀၊ အပတ်စဉ် ၈ အတွက် အယောက် ၃၀ ၊ အပတ်စဉ် ၉ အတွက် အယောက် ၆၀၊ စုစုပေါင်း လူငယ် အမျိုးသား ၁၈၅ ယောက်ကို လမ်းမတွေပေါ်မှာ စစ်သင်တန်း တက်‌ရောက်ဖို့အတွက် ဖမ်းဆီး ပေါ်တာဆွဲခဲ့တာပါ။

လက်ရှိ စာရင်းရယူထားတဲ့ အချက်အလက်တွေဟာ မြေပြင်အချက်အလက်တွေနဲ့ စစ်မှုထမ်းထဲကနေ ထွက်ပြေးလာသူတွေရဲ့‌ ပြောပြတဲ့ အချက်အလက်ကို ကိုးကားပြီး စာရင်းပြုစုခဲ့တာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ ကလေးမြို့ လူထုသပိတ် ဦးဆောင်ကော်မတီရဲ့ တာဝန်ရှိသူက DVB ကို ပြောပါတယ်။

စစ်ကောင်စီက ကလေးမြို့ လမ်းမတွေမှာ ရှောင်တခင်စစ်ဆေးပြီး လူငယ်အမျိုးသား‌တွေကို အကြောင်းအမျိုးမျိုးပြကာ ပေါ်တာဆွဲနေတာကြောင့် ဒေသခံလူငယ်တွေအနေနဲ့ မလိုအပ်ဘဲ ပျော်ပွဲရွှင်ပွဲတွေနဲ့ လမ်းမပေါ် သွားလာတွေ မလုပ်ကြဖို့ သူက မှာကြားထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်အတွင်းမှာ ဆင့်ခေါ်စာနဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာမျိုးမဟုတ်ဘဲ လမ်းမတွေပေါ်မှာ ဖမ်းဆီးပေါ်တာဆွဲနေတာကြောင့် ဒေသခံလူငယ်တွေမှာ ပေါ်တာဆွဲခံရမှာကို စိုးရိမ်ကြောက်ရွံ့မှုတွေလည်း ရှိနေကြပါတယ်။

လူငယ်တွေအနေနဲ့ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်မှ မဟုတ်ဘဲ တော်လှန်ရေး နယ်မြေတွေမှာ လာရောက်ခိုလှုံခြင်းဖြင့် စစ်ကောင်စီရဲ့ စစ်သားသစ်စုဆောင်းတဲ့ရန် ကာကွယ်နိုင်တဲ့အတွက် တော်လှန်ရေးနယ်မြေတွေမှာ လာရောက်နေထိုင်ကြဖို့ကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ကလေးမြို့ပေါ်မှာ စစ်ကောင်စီက ပေါ်တာဆွဲထားတဲ့ အမျိုးသား လူငယ်အများစုကိုတော့ မန္တလေးဘက်က စစ်သင်တန်းကျောင်းတွေကို လေယာဉ်နဲ့ ပို့ဆောင်တာတွေ ရှိသလို ကလေးမြို့ အမှတ် ၁၀ တပ်မတော် တန်းမြင့်သင်တန်းကျောင်းတွေကို စစ်သင်တန်းပို့တာတွေလည်း ရှိပါတယ်။

နိုင်ငံတဝန်း စစ်မှုထမ်းဥပ‌ဒေကို ဆန့်ကျင်ဆန္ဒပြ ကန့်ကွက်မှုတွေ ရှိနေပေမဲ့ စစ်ကောင်စီကတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၉ အထိ ဖွင့်လှစ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013