DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများ၏ အားပေးမှုကို မျှော်လင့်နေဟု အလှမယ်ပြော
DVB
·
October 27, 2014
မြန်မာပြည်သူများ၏ အားပေးမှုကို မျှော်လင့်နေဟု အလှမယ်ပြော
1 / 5
Donate to DVB

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2014 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော် အောက်တိုဘာ ၂၆ ရက်နေ့ က ဗီယက်နမ်လေကြောင်းလိုင်းနဲ့ ဂျပန်နိုင်ငံ နာရီတာလေဆိပ်ကတဆင့် ရောက်ရှိပါတယ်။

သက်တမ်း ၅၄ နှစ် ရှိနေတဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၆၅ နိုင်ငံက အလှမယ်တွေ ပါဝင်မှာ ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။

Miss Myanmar International 2014 အဖြစ် အလှမယ် ခင်ဝေဖြိုးဟန် ရွေးချယ် ခံခဲ့ရပေမယ့်  အသက် ၁၈ နှစ် ပြည့်ဖို့ လိုအပ်နေတာကြောင့် Miss International Organization က 1st Runner Up  အလှမယ် မေဘရဏီသော်ကို  ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

“ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို အခြေခံပြီးလည်း အကောင်းဆုံး ဖြစ်အောင် ယှဉ်ပြိုင်သွားမှာ ဖြစ်သလို မြန်မာပြည်သူတွေရဲ့ အားပေးမှုကိုလည်း မျှော်လင့်နေပါတယ်" လို့ အလှမယ် မေဘရဏီသော်က တိုကျိုမြို့မှာ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

Miss International Beauty Pageant ကို အိုကီနာဝါကျွန်းမှာ ၂၀၁၂ ခုနှစ်က      ကျင်းပခဲ့တဲ့ပွဲက စလို့ အလှမယ် နန်းခင်ဇေယျာ က မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံး စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ အလှမယ် ဂုဏ်ရည်အေးကျော်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

Miss International Beauty Pageant 2014 ပြိုင်ပွဲ ပွဲနောက်ဆုံးနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ဆုပေးပွဲကို ရှင်နာဂါဝါ မင်းသား ဟိုတယ်ခန်းမ (Shinagawa Prince Hotel Hall) မှာ ကျင်းပမှာ ဖြစ်ပါတယ်။

[gallery ids="68929,68930,68931,68932,68933"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013