DVB Logo
Home
မြန်မာသတင်း
ဗြိတိန်ရဲဝန်ထမ်းများ လိပ်ကျွန်းကို သွားရောက်စစ်ဆေး
DVB
·
October 27, 2014
ဗြိတိန်ရဲဝန်ထမ်းများ လိပ်ကျွန်းကို သွားရောက်စစ်ဆေး
1 / 4
Donate to DVB

ထိုင်းတောင်ပိုင်း ကော်ဖငန်းမြို့နယ် ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ သူတို့နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ရဲဝန်ထမ်း ၅ ဦးဟာ အခင်းဖြစ်ပွားရာ နေရာကို အောက်တိုဘာ ၂၅ ရက်နေ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

10676337_1492738927664816_7508170070709609518_nခိုတောင်ကျွန်းကို ဗြိတိန်ရဲတွေ လာရောက်စဉ် တာဝန်ကျထိုင်းရဲတွေက သူတို့ကို အမှုနဲ့ ပတ်သက်တဲ့ နေရာ ၄ ခုကို လိုက်ပို့ခဲ့ပြီး မသက်ဆိုင်သူတွေကို ဓာတ်ပုံရိုက်ခွင့် လုံးဝပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ဗြိတိန်ရဲတွေဟာ ခိုတောင်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့နေရာ၊ တရားခံတွေ ဂစ်တာထိုင်တီးတဲ့နေရာ၊ လူသတ်ရာမှာ အသုံးပြုတဲ့ ပေါက်ပြား တွေ့ရှိရာ နေရာနဲ့ အသတ်ခံရသူရဲ့ တယ်လီဖုန်းကို ဖျက်ဆီးလွှင့်ပစ်ခဲ့တဲ့ နေရာတွေကို အချိန် ၁ နာရီကြာ သွားရောက်စစ်ဆေးခဲ့ပါတယ်။

10710637_1492738874331488_5505676073674370264_nအဲဒီနောက် ၂ နိုင်ငံက ရဲတွေဟာ မိနစ် ၃၀ ကြာ ဆွေးနွေးခဲ့ကြကြောင်း၊ ဗြိတိန်ရဲတပ်ဖွဲ့တွေ သိလိုတဲ့မေးခွန်းကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ရဲချုပ်ကြီး ဆုမ်ယုဒ် ဖွန့်ဖမ်းမုန့်က ဖြေကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုကို ဗြိတိန်ရဲတွေက ကျေနပ်မှုရှိခဲ့တယ်လို့   ရဲချုပ်ကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရပြီးတဲ့နောက် ခရီးသွား လုံခြုံရေးကို တိုးမြှင့်တဲ့အနေနဲ့  ကော်ဖငန်းကျွန်းတခုက လွဲပြီး ကျန်တဲ့ကျွန်းစုတွေမှာ လပြည့်ည တိုင်းကျင်းပလေ့ရှိတဲ့ ဖူးလ်မွန်းပါတီ ပျော်ပွဲရွှင်ပွဲကျင်းပခွင့်ကို ဆူရတ်ဌာနီခရိုင်အုပ်ချုပ်ရေးမှူးက ပိတ်ပင်လိုက်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

10628220_1492738907664818_3497374892943774632_nစက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) ကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။

10635751_1492738950998147_8201608124260744237_nဗြိတိန် ၂ ဦးကို သတ်မှုနဲ့ ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားရုံးအချုပ်ခန်းမှာ စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးက သူတို့အနေနဲ့ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ထိုင်းရဲနဲ့ စကားပြန်က အတင်းဝန်ခံခိုင်းတာဖြစ်ပြီး ၀န်မခံရင် ဓာတ်ဆီလောင်းမီးရှို့ ခံရမယ်လို့ ခြိမ်းခြောက်ခံရတဲ့အကြောင်း အောက်တိုဘာ ၂၄ ရက်နေ့က မိဘတွေနဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013