DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီတပ်က အရပ်သားများကို အသုံးချပြီး စစ်ရေးလှုပ်ရှားနေ
DVB
·
February 4, 2025
တနင်္သာရီတွင် စစ်ကောင်စီတပ်က အရပ်သားများကို အသုံးချပြီး စစ်ရေးလှုပ်ရှားနေ
Donate to DVB

တနင်္သာရီမြို့နယ်ရှိ တနင်္သာရီ-မောတောင် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အရပ်သားတွေ အသုံးချပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ဒုတိယပတ်လောက်ကစပြီး အခုအချိန်အထိ တနင်္သာရီ-မောတောင် လမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ဦးဆောင်တဲ့ BLACK COBRA စစ်ကြောင်းတို့ စစ်ရေးပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

တနင်္သာရီ-မောတောင် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး တပ်ဖြန့်ရာမှာ အရပ်သားတွေကို အသုံးချပြီး စစ်ရေးဖော်ဆောင်နေတယ်လို့ တနင်္သာရီ ပကဖအဖွဲ့ (ဇုန် ၅) က ပြောပါတယ်။

တနင်္သာရီ ပကဖအဖွဲ့ (ဇုန် ၅) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “စစ်ကောင်စီဘက်က စစ်ကားနဲ့ စစ်ကြောင်းထိုးဖို့အတွက် စစ်ကားမသွားခင် ၃၀၆ အမြောက်တပ်ရင်းကနေ လက်နက်ကြီးပစ်တယ်၊ ဒရုန်းချတယ်။ စစ်ကားသွားမယ့် လမ်းတလျှောက် တပ်ဖြန့်တယ်။ စစ်ကားတွေဖြတ်ပြီး တပ်ပြန်ဆုတ်ရင် နေအိမ်တွေကို မီးရှို့သွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးရာမှာ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်လေ့ရှိပြီး တချို့စစ်ရေးမစ်ရှင်တွေမှာ အရပ်သားပါနေတာကြောင့် ဖျက်လိုက်ရတဲ့ အခြေအနေတွေ ရှိတယ်လို့ မြေပြင်ရှိ ဒရုန်းတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

အခုလက်ရှိမှာတော့ စစ်ကောင်စီဘက်က သိန်းခွန်းရွာဘက်ကို အင်အား ၂၅၀ ဝန်းကျင်နဲ့ ထုံမခါဘက်ကို အင်အား ၃၀၀ ဝန်းကျင်လောက် စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ စစ်ကောင်စီဘက်က တပ်ဖြန့်ပြီး ပြန်ဆုတ်ချိန် ဘန်းလမွတ်ကျေးရွာရှိ အရပ်သားနေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013