DVB Logo
Home
နိုင်ငံတကာ
ဂျန်နင်းဒုက္ခသည်စခန်းရှိ အဆောက်အဦများကို အစ္စရေးစစ်တပ် ဖောက်ခွဲဖျက်ဆီး
DVB
·
February 3, 2025
ဂျန်နင်းဒုက္ခသည်စခန်းရှိ အဆောက်အဦများကို အစ္စရေးစစ်တပ် ဖောက်ခွဲဖျက်ဆီး
Donate to DVB

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသက အဆောက်အအုံအများအပြားကို ဖေဖော်ဝါရီ ၂ ရက်မှာ အစ္စရေးစစ်တပ်က တပြိုင်နက်တည်း ဖောက်ခွဲခဲ့ပါတယ်။

ဂျန်နင်းမြို့ ဒုက္ခသည်စခန်းက အဆောက်အအုံ ၂၀ လောက်ကို ပြားပြားဝပ် ပြိုကျအောင် ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ပါလက်စတိုင်းနိုင်ငံပိုင် သတင်းအေဂျင်စီက ပြောပါတယ်။

လက်နက်တွေ သိမ်းဆည်းရမိတာ အပါအဝင် ဒေသခံ စစ်သွေးကြွတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးကြီး ၂ ပတ်နီးပါး လုပ်ခဲ့တဲ့ ပါလက်စတိုင်းမြို့တော်မှာ ထူထပ်တဲ့ မီးခိုးတိမ်တိုက်တွေ မြင့်တက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။

ဂျန်နင်းမြို့က အဆောက်အအုံတွေကို တပြိုင်နက် ဖြိုဖျက်တာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ စစ်တပ်ပြောရေးဆိုခွင့်ရှိသူတယောက်က “အကြမ်းဖက်မှုဆိုင်ရာ အခြေခံအဆောက်အအုံတွေ အဖြစ် သုံးခဲ့တဲ့ အဆောက်အအုံအများအပြား” ကို ဖျက်သိမ်းခဲ့တယ်လို့ ပြောပါတယ်။

အသေးစိတ် အချက်အလက်တွေကို နောက်ပိုင်းမှာ ထုတ်ပြန်မယ်လို့ သူက ဆက်ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံတစိတ်တပိုင်း ပျက်စီးသွားခဲ့တယ်လို့ ဂျန်နင်းအစိုးရဆေးရုံက ညွှန်ကြားရေးမှူး ဝီဆမ် ဘိတ်ခါက ပါလက်စတိုင်းအစိုးရ သတင်းအေဂျင်စီကို ပြောခဲ့ပါတယ်။

ဂျန်နင်းဟာ ၁၉၄၈ စစ်ပွဲမှာ အစ္စရေးနိုင်ငံကို ထူထောင်ခဲ့တဲ့ ပါလက်စတိုင်း သားမြေးတွေအတွက် တည်ဆောက်ထားတဲ့ လူစည်ကားတဲ့ မြို့နယ်တခုဖြစ်ပါတယ်။

ဒီနေရာမှာရှိတဲ့ ဒုက္ခသည်စခန်းဟာ စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုဗဟိုချက်အဖြစ် ဆယ်စုနှစ်များစွာ ရှိခဲ့ပြီး အစ္စရေး လုံခြုံရေးတပ်ဖွဲ့တွေက ထပ်ခါတလဲလဲ စီးနင်းတိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။

ရဟတ်ယာဉ်တွေ၊ သံချပ်ကာ ဘူဒိုဇာမြေကော်စက်တွေ ကျောထောက်နောက်ခံပြုထားတဲ့ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်တို့နဲ့ အပစ်အခတ်ရပ်စဲပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၂၁ ရက်က စတင်တိုက်ခိုက်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013