DVB Logo
Home
မြန်မာသတင်း
သတင်းထောက် ကိုပါကြီးသေဆုံးမှု အမှုဖွင့်ခွင့်ရရှိ
DVB
·
October 27, 2014
သတင်းထောက် ကိုပါကြီးသေဆုံးမှု အမှုဖွင့်ခွင့်ရရှိ
Donate to DVB

အလွတ်တန်းသတင်းထောက် ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူ မသန္တာက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရဲစခန်းမှာ အောက်တိုဘာ ၂၆ ရက်နေ့က အမှုဖွင့် တိုင်ကြားခွင့် ရသွားပါတယ်။

10698679_531782546954095_5038858943245032297_nအဲဒီနေ့ မနက်ပိုင်းက အမှုဖွင့်တာကို လက်မခံဘဲ ညနေပိုင်း နောက်တကြိမ် သွားရောက်မှ သေမှု သေခင်း အမှတ် ၁၁/ ၂၀၁၄ နဲ့ အမှုဖွင့်ခွင့်ရတာ လို့ ဒေါ်သန္တာက ပြောပါတယ်။

ပုဒ်မ ၁၇၆ အရ သေမှုသေခင်းအမှုဖွင့်ပြီး အလောင်း ကို ပြန်လည်ရ ယူနိုင်ဖို့နဲ့ ပြန်လည် စစ်ဆေးနိုင်ဖို့ကို လည်း တောင်းဆိုလိုက်ပါတယ်။

တရားလိုဘက် ကနေ ရှေ့နေ ရောဘတ်ဆန်းအောင်က လိုက်ပါ ကူညီဆောင်ရွက်ပေးနေပါတယ်။

ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ဟာ အဖမ်းခံရပြီး ၁ လနီးပါးအကြာမှာ သေဆုံးသွားပြီလို့ အစိုးရတပ်က ထုတ်ပြန်ခဲ့တာပါ။

ကိုပါကြီးဟာ မွန်ပြည်နယ်က တိုက်ပွဲသတင်း လိုက်ရင်းနဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ် ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားခဲ့တာလို့ အောက်တိုဘာလ ၂၃ ရက် နေ့စွဲနဲ့ မြန်မာဇာနယ်ဇင်းကောင်စီ ယာယီက တဆင့် ဖြန့်ဝေတဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013