
အင်္ဂလန်နည်းပြ စတီဗင်ဂျရတ်ဟာ ဆော်ဒီကလပ် အစ်တီဖက်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းလိုက်ပါတယ်။
နောက်ဆုံး ၁၄ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရယူနိုင်ခဲ့တဲ့ အစ်တီဖက်အသင်းဟာ တန်းဆင်းဇုန်နဲ့ ၅ မှတ်အကွာ၊ အဆင့် ၁၂ နေရာ ကျဆင်းခဲ့ပြီးနောက် နည်းပြဂျရတ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
ယဉ်ကျေးမှုချင်း မတူညီတဲ့ နိုင်ငံနဲ့ လိဂ်ပြိုင်ပွဲအသစ်မှာ အတွေ့အကြုံတွေများစွာရရှိခဲ့ပြီး အသင်း တာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း၊ ကွင်းတွင်းရလဒ်ပိုင်းမှာတော့ မျှော်လင့်သလို ဖြစ်မလာ ခဲ့ပေမဲ့ အနာဂတ်မှာ အစ်တီဖက်အသင်း အောင်မြင်မှုရရှိပါစေကြောင်း ဂျရတ်က နှုတ်ဆက် စကားဆိုခဲ့ပါတယ်။
အသက် ၄၅ နှစ်ရှိ လီဗာပူးဂန္ထဝင် ကစားသမားဟာ အစ်တီဖက်မှာ ၁ နှစ်လုပ်ခ ပေါင် ၁၅ သန်း အထိရရှိခဲ့ပြီး ကနဦးမှာ ဝေဖန်မူတွေရှိသည့်တိုင် ဆော်ဒီလိဂ်မှာ သွားရောက်နည်းပြခဲ့တာပါ။
ဂျရတ်ဟာ လီဗာပူးလူငယ်အသင်းတွေကို စတင်တာဝန်ယူခဲ့ပြီး ရိန်းဂျား၊ အက်စ်တန်ဗီလာ စီနီယာ အသင်းတွေကိုလည်း တာဝန်ယူခဲ့ပါသေးတယ်။
Photo-Reuters