ရွှေပြည်သာမြို့နယ်တွင် ပီအာစနစ်ကို ကန့်ကွက်ဆန္ဒပြ
DVB
·
October 26, 2014

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ PR အချိးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ပီအာစနစ် ကန့်ကွက်ပွဲကို ပြည်သူတွေ ရာနဲ့ချီ တက်ရောက်ခဲ့ပြီး ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင် လမ်းဆုံအနီး ပတ္တမြားလမ်းကနေ လှော်ကားလမ်းဆုံအထိ ချီတက် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ပီအာ စနစ်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့က မြို့ကြီးတချို့မှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ပူးပေါင်း လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။











