DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုအတွက် စစ်လက်နက်နှင့် လေယာဉ်ဆီထောက်ပံ့မှု ရပ်တန့်ရန်  အာဆီယံကို တောင်းဆို
DVB
·
January 31, 2025
စစ်အုပ်စုအတွက် စစ်လက်နက်နှင့် လေယာဉ်ဆီထောက်ပံ့မှု ရပ်တန့်ရန်  အာဆီယံကို တောင်းဆို
Donate to DVB

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို ငွေကြေးထောက်ပံ့ပေးနေတာ ဖြတ်တောက်ပြီးတော့ စစ်လက်နက်၊ စက်ပစ္စည်း၊ နည်းပညာနဲ့ လေယာဉ်ဆီ ရောက်ရှိနေတဲ့ လမ်းကြောင်းတွေကို ရပ်တန့်ပေးဖို့ Justice For Myanmar က ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အာဆီယံအနေနဲ့ အစည်းအဝေးအားလုံးကနေ စစ်အုပ်စုနဲ့ သူရဲ့ကိုယ်စားလှယ်တွေကို ဖယ်ထုတ်တာ၊ သူတို့ရဲ့ စစ်ရေး၊ နည်းပညာ၊ ဘဏ္ဍာရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာအကူအညီတွေ အဆုံးသတ် ရပ်တန့်တာတွေလုပ်ပြီး စစ်အုပ်စုကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်နေမှုကို အဆုံးသတ်ရပါမယ်” လို့ ပြောပါတယ်။

မြန်မာ့အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ အဆုံးသတ်ဖို့ အာဆီယံကို အကြိမ်ကြိမ်တောင်းဆိုမှုတွေရှိခဲ့မဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်လက်အားပေး ကူညီခဲ့ကြသလို ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းမြှင့်တင်ဖို့ ဒေသတွင်းငြိမ်းချမ်းရေးကို ဦးတည်တဲ့ တန်ဖိုးများပိုမိုခိုင်မာစေရေးဆိုတဲ့ ကိုယ်ပိုင်ကတိကဝတ်တွေကိုပါ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ၄ နှစ်တာကာလအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘုရားကျောင်းတွေကို ပြာပုံဖြစ်အောင်  တိုးမြှင့်လုပ်ဆောင်ခဲ့တာကြောင့် မြန်မာနိုင်ငံတဝန်း လူပေါင်း ၃ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးတရပ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒါ့ကြောင့် အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပြီးတော့ ပြည်သူတွေ ဦးဆောင်တဲ့ နိုင်ငံတော်တရပ် တည်ဆောက်ရေးအတွက် ပြည်သူတို့ရဲ့ စုပေါင်းအားထုတ်မှုတွေကို အသိအမှတ် ပြုရမှာဖြစ်ပြီး လူသားဆန်မှုနဲ့ မှန်တဲ့ဘက်ကရပ်တည်ဖို့ ရွေးချယ်ရမယ့်အချိန်လို့ Justice For Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013