DVB Logo
Home
နိုင်ငံတကာ
ယူဂန်ဒါတွင် အီဘိုလာ ကူးစက်ရောဂါ ဖြစ်ပွားပြီး လူ ၁ ဦး သေဆုံး
DVB
·
January 31, 2025
ယူဂန်ဒါတွင် အီဘိုလာ ကူးစက်ရောဂါ ဖြစ်ပွားပြီး လူ ၁ ဦး သေဆုံး
Donate to DVB

ယူဂန်ဒါနိုင်ငံဟာ မြို့တော်ကမ်ပါလာမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားကြောင်း အတည်ပြုခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်က ပထမဆုံးလူနာ သေဆုံးသွားကြောင်းလည်း အတည်ပြုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

လူနာဟာ မြို့တော် ကမ်ပါလာရှိ မူလာဂို အမျိုးသားရည်ညွှန်းဆေးရုံက အမျိုးသားသူနာပြု တယောက်ဖြစ်ပြီး ဖျားနာမှုလို ဝေဒနာလက္ခဏာတွေ ဖြစ်ပေါ်လာပြီးနောက်မှာ မူလာဂို အပါအဝင် ဆေးဖက်ဌာန အသီးသီးမှာ ဆေးကုသမှု အပါအဝင် တိုင်းရင်းဆေးဆရာတယောက်ဆီမှာပါ ဆေးကုသမှု ခံယူခဲ့တာပါ။

အလောင်းခွဲစိတ်မှု စစ်ဆေးချက်နမူနာတွေက ဆူဒန် အီဘိုလာဗိုင်းရပ်စ်လို့  အတည်ပြုထားကြောင်းနဲ့ ဒီလူနာဟာ သူတို့နဲ့ အလုပ်တူ ဌာနတူမှာ လုပ်နေတဲ့ဝန်ထမ်း ဖြစ်ပေမဲ့ သူနဲ့တွဲလုပ်နေတဲ့ အဖွဲ့မှာလည်း တခြားဘယ်သူမှ အီဘိုလာရဲ့ ရောဂါလက္ခဏာတွေ မပြခဲ့သလို ဌာနအဆောင်ထဲမှာလည်း ကူးစက်နိုင်ခြေရှိတဲ့ အရင်းအမြစ်အဖြစ် စာရင်းသွင်းခံရတဲ့ လူနာမှတ်တမ်းလည်း မရှိပါဘူးလို့ ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒိုင်ယာနာ အတွိုင်းန်က ပြောပါတယ်။

သေဆုံးသူရဲ့ အဆက်အသွယ် ၄၄ ခုကို ခြေရာခံဖို့ စာရင်းပြုစုထားပြီး အဲဒီထဲမှာ ကျန်းမာရေးဝန်ထမ်း ၃၀ အပါအဝင် ၁၁ ယောက်က သေဆုံးသွားတဲ့ မိသားစုဝင်တွေဖြစ်ပြီးတော့ မာ့တွတ်ဂါမြို့ရှိ ဆာဒီနီယာဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

အခုနောက်ဆုံး အီဘိုလာကူးစက်မှု ပျံ့နှံ့သွားတဲ့ ကမ်ပါလာမှာ လူဦးရေ ၄ သန်းကျော်ရှိတဲ့ လူစည်ကားရာမြို့ဖြစ်ပြီး တောင်ဆူဒန်၊ ကွန်ဂို၊ ရဝမ်ဒါနဲ့ တခြားနိုင်ငံတွေဆီ သွားလာဖို့ လမ်းဆုံလမ်းခွ ဖြစ်နေတာကြောင့် အဆက်အသွယ်ကို ခြေရာခံဖို့က စိန်ခေါ်မှုလို ဖြစ်နေတာပါ။

ဒါဟာ ၂၀၀၀ ခုနှစ်က အရှေ့အာဖရိကနိုင်ငံမှာ ပထမဆုံး ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကို မှတ်တမ်းတင်ခဲ့ပြီးကတည်းက ၉ ကြိမ်မြောက် ဖြစ်ပွားမှု ဖြစ်ပါတယ်။

ယူဂန်ဒါအာဏာပိုင်တွေဟာ လတ်တလော အီဘိုလာရောဂါဖြစ်ပွားမှုကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်စေဖို့ ဓာတ်ခွဲခန်းစမ်းသပ်ခြင်း၊ လူနာပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာ၊ အဆက်အသွယ် ခြေရာခံခြင်းနဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ စွမ်းရည်ကို အသုံးပြုနေတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးဖို့အတွက် သူ့ရဲ့ အရေးပေါ်ရန်ပုံငွေမှ ဒေါ်လာ ၁ သန်း ခွဲဝေပေးထားကြောင်း ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013